CRPH ရဲ့ အစိုးရသစ်ကို ဒီနေ့ညမှာ ကြေညာလိုက်တယ်။ အားလုံးမျှော်လင့်နေတာမို့ ဝမ်းသာကြတာ ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ကောက်ရိုးတစ်မျှင်ပါပဲ။ ဒါပေမဲ့ ခြေလှမ်းသွက်ဖို့လိုနေသေးတယ်လို့မြင် တယ်။ စစ်အာဏာလုကောင်စီက ဘယ်စုံတောင့်စုံကနေ ယုတ်မာကောက်ကျစ်နေတဲ့အချိန်မှာ ပြည်သူ့ အစိုးရကလည်း ခြေလှမ်းမြန်မြန်သွားစေချင်တယ်။ ပြည်သူတွေဖက်ကတော့ လှုပ်လို့မရတဲ့အနေအထား မို့ ငြိမ်နေကြရတယ်။ တတ်နိုင်သမျှတော့ တွန်းလှန်နေကြတာပါပဲ။ လူတွေလည်းသေဆုံးမှုပေါင်းများနေ ပြီမဟုတ်လား။ အားလုံးက အကြောက်တရားတွေနဲ့လုပ်နေကြရတာပါ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...