မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးသွားတယ်။ စစ်သူပုန်တွေအနေနဲ့ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ စစ်အာဏာရှင်ဆန့်ရှင်ရေးမှာ တက်ကြွစွာပါဝင်သူတွေကို လိုက်လံဖမ်းဆီးနေ တယ်။ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်တာကိုလည်း တစ်နေ့ အယောက် (၂၀) စီ ကို သူတို့ရဲ့ ဝါဒဖြန့်ရုပ်သံ လိုင်းတွေကနေ ထုတ်ပြန်နေတယ်။ သူတို့ကိုတိုက်ခိုက်မှုမှန်သမျှကို ဖမ်းဆီးဖို့ ပစ်သတ်ဖို့ ကိုပဲအာရုံထား လုပ်ဆောင်နေကြသလို သူတို့အာဏာတည်မြဲဖို့ နည်းလမ်းပေါင်းစုံကနေ ကြိုးစားနေတယ်။ ဉပမာအား ဖြင့် ထောက်လှမ်းရေးချုပ်ဟောင်းဦးခင်ညွှန့်နဲ့ ဦးနေဝင်းရဲ့မြေး အေးနေဝင်းတို့ဟာ ဝဒေသကိုသွားပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ညှိနှိုင်းပြီး သူတို့ဖက်ကိုပါအောင်ဆွဲဆောင်နေတယ်။ သူတို့အတွက် စည်း မျဉ်းဆိုတာမရှိဘူး။ သတ်မှတ်ချက်ဆိုတာမရှိဘူး။ သူတို့အာဏာကိုတစ်နိုင်ငံလုံးမှာတည်မြဲနိုင်ဖို့ ဘက်စုံ တောင့်စုံကနေ အစွမ်းကုန်ကြိုးစားနေတယ်။ တစ်ဖက်ကလည်း ပြည်သူတွေက စစ်သူပုန်တွေလက် အောက်မှာ မနေရဖို့အရေးကို တတ်နိုင်သမျှကြိုးစားနေကြပါတယ်။
မေ ၂၀၊ ၂၀၂၃။ (စနေ)
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိမြို့အဝင်အထွက်လမ်းတချို့ကိုစစ်ကောင်စီတပ်ကမြေတူးကားနဲ့ဖျက်ဆီးသွားပါတယ်။ထိုလမ်းတွေဟာကော့ကရိတ်မြို့ကနေကျေးရွာတွေဘက်ကိုကုန်စည်စီးဆင်းမှုအတွက်ဒေသခံတွေအသုံးပြုတဲ့လမ်းတွေပါ။စစ်ကောင်စီကပြည်သူတွေဒုက္ခရောက်အောင်ရိက္ခာပြတ်အောင်ဘက်ဟိုးနဲ့ထိုးပြီးပိတ်ချလိုက်တယ်။တိုင်းပြည်ကိုကျတော့အုပ်ချုပ်ချင်တယ်။လမ်းတွေခင်းပေးမယ့်အစားကောင်းနေတဲ့လမ်းတွေကိုတောင်ဖျက်စီးပစ်တယ်။ကော့ကရိတ်မြို့ကိုတော်လှန်ရေးအဖွဲ့တွေကကောင်းကောင်းခြိမ်းခြောက်နိုင်နေတဲ့အတွက်စစ်ကောင်စီဟာကြံမိကြံရာကြံပြီးပြည်သူတွေထိခိုက်အောင်အလွဲတွေချည်းလျောက်လုပ်နေတယ်။