Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကျောက်မဲမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

April 18, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

သာသနာ့ဘောင်ဝင်သည့် EPC ဝန်ထမ်းတစ်ဦး လူထွက်သည့်နေ့တွင် ပစ်သတ်ခံလိုက်ရသည်

Myanmar Now

Published on Apr 18, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် သာသနာ့ဘောင်ဝင်သည့် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးသည် လူဝတ်လဲလိုက်သည့် ဧပြီ ၁၇ တွင် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူသည် ကျောက်မဲမြို့ ရပ်ကွက် ၉ ၌ နေထိုင်သူ ကိုအောင်ကိုကိုဖြိုး (ခေါ် ) စတီးဖြစ်ပြီး ယမန်နေ့ (ဧပြီ ၁၇) ည  ၉ နာရီ ၁၈ မိနစ်တွင် ကျောက်မဲမြို့၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းအနီး အပစ်ခံရခြင်းဖြစ်သည်။

“ညမထွက်ရအမိန့် ထုတ်ထားတာတော့ မှန်ပါတယ်။ အခုဟာက သူက CDM  (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ထားတာ။ EPC မှာ လုပ်တယ်။ သူ့ဆရာအိမ်မှာ သွားအိပ်ဖို့ သွားတဲ့သူ ၊ မနေ့ (ဧပြီ ၁၇) ကမှ သင်္ကြန်တွင်း ဘုန်းကြီးဝတ်ပြီးထွက်လာတာ အဖြစ်ဆိုးတာပေါ့“ ဟု  ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

ကိုအောင်ကိုကိုဖြိုး ပစ်သတ်ခံရသည့်နေရာသည် ကျောက်မဲမြို့လယ်ဖြစ်သည့်အတွက် ဒေသခံအတော်များများက တွေ့မြင်လိုက်သည်ဟု ဆိုကြသည်။ဆရာဝန်ဆေးစစ်ချက်အအရ ကျည်ထိဒဏ်ရာဖြင့် သေဆုံးကြောင်း အတည်ပြုပြီး  မနက်ဖြန် ဧပြီ ၁၉ တွင် မီးသင်္ဂြိုဟ်မည်ဖြစ်သည်။

ကျောက်မဲမြို့ဒေသခံများသည် အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်ကာ နေ့စဉ် နည်းမျိုးစုံဖြင့် ဆန္ဒဖော်ထုတ်နေကြသည်။

ယမန်နေ့က မန္တလေးတိုင်း၊ မိုးကုတ်မြို့၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကြိုဆိုသည့် အောင်ချမ်းသာရပ်ကွက်အတွင်း ပြောက်ကျားလှုပ်ရှားမှုတွင် စစ်ကောင်စီတပ်က အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကို ပစ်သတ်ခဲ့သည်။ ပစ်သတ်ခံရသူနှစ်ဦး၏ အလောင်းများကို စစ်ကောင်စီလက်နက်ကိုင်များက သယ်ယူသွားသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဧပြီလ ၁၇ အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် ပြည်သူ ၇၃၀ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။

သို့သော်လည်း ဧပြီလဆန်းပိုင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီပြောခွင့်အရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦး အပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။

လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူတို့၏ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ၏ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ထားသည်။ ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခြင်းမရှိဟု အာမခံကြောင်း သူက ဆက်ပြောသည်။

Source – Myanmar NOW ( https://myanmar-now.org/mm/news/6536 )

Related Posts

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း
သတင်း

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း

May 27, 2023

ပဲခူးတိုင်း သာယာဝတီထောင်က ငရဲခန်းဖြစ်တယ်လို့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေက...

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
သတင်း

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

May 19, 2023

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ပုန်ကန်မှုများကြောင့် စစ်မျက်နှာများစွာ...

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ
သတင်း

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ

May 11, 2023

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် လျှပ်စစ်မီး ပုံမှန်မရသည့်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist