လုံခြုံရေးကောင်စီအစည်းအဝေးဆုံးဖြတ်ချက်ထွက်လာတယ်။ ထုံးစံအတိုင်းကြေငြာချက်တွေပါပဲ။ အရေးယူမှုတစ်စုံတစ်ရာတောင်မနိုင်ခဲ့ဘူး။ တကယ်တော့ UN ဆိုတာစက္ကူကျားပါ။
စစ်ကောင်စီက wireless internet လိုင်းတွေအကုန်ဒီနေ့ထပ်ပိတ်လိုက်တယ်။ ရုံးသုံးအထိုင် Fiber Internet လိုင်းတွေပဲကျန်တော့တယ်။ အဲ့ဒီလိုင်းတွေကလည်း မြို့ကြီးတွေလောက်ပဲလွှမ်းခြုံနိုင်တာပါ။ မြို့ကြီးတွေမှာတောင်လူတိုင်းမသုံးနိုင်ဘူး။ နယ်မြို့လေးတွေကတော့ဒီနေ့ကစပြီးအင်တာနက်လုံးဝပြတ်တောက်သွားပါပြီ။