Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မကွေးတိုင်းတွင် စစ်တပ်ကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးရ

April 9, 2021
in သတင်း
Reading Time:2 mins read
Share on FacebookShare on Twitter

ဂန့်ဂေါမြို့နယ်အတွင်း လက်နက်ရှာဖွေခံရသည့် နေအိမ်များသည် မီးဖိုဆောင်သုံးဓား၊ ငွေကြေး၊ လက်ကိုင်ဖုန်း၊ လက်ဝတ်ရတနာတို့ လုယူခံနေရပြီး ဒေသခံအများအပြား ဘေးလွတ်ရာ ရှောင်နေကြသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်နှင့် ကျေးရွာများတွင် လက်နက်များ အိမ်တိုင်းစေ့ ဝင်ရှာမည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မတ်လ လယ်ကတည်းက ဝင်ရောက် မွှေနှောက်ရှာဖွေလျက်ရှိပြီး မတ်လကုန်ပိုင်းတွင် ဒေသခံတို့က လက်လုပ်သေနတ်(တူမီး)ဖြင့် ပြန်လည်ခုခံမှု အရှိန်မြင့်တက်လာနေသည်။ 

မတ် ၃၀ ခန့်မှ စ၍ အကြမ်းဖက်လက်နက်ကိုင်တို့သည် မြို့ပေါ်နှင့် ကျေးရွာများတွင် အင်အားအလုံးအရင်း သုံးလာပြီး ဖြိုခွဲသဖြင့် ဒေသခံ တစ်သောင်းကျော်သည် လုံခြုံမည်ဟု ယူဆရသည့် တောတောင်စိုက်ခင်းများသို့ ရှောင်ပြေးနေရကြောင်း၊ တိမ်းရှောင်သူဦးရေ တိုးလာကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

ဂန့်ဂေါမြို့နယ်၊ နှမ်းခါး၊ တောင်ခင်ရမ်း၊ မြောက်ခင်ရမ်း၊ သာလင်း၊ ဟံသာဝတီစသည့် ကျေးရွာများမှ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲမှာ ဘာမှကို မကျန်ဘူး။ ရွာထဲမှာ ခွေးနဲ့ ကြက်ပဲ ကျန်မှာ။ တောင်ခင်ရမ်းသားတွေရော၊ အရှေ့ဘက်ကမ်းတွေရော ရွာထဲမှာ မနေရဲကြတော့ဘူး။ တောထဲ၊ တဲတွေမှာ စုစည်းပြီး ပုန်းနေကြတယ်” ဟု အိမ်ခြေ (၂၀၀)၊ လူဦးရေ (၁၀၀၀) ကျော်ရှိသည့် သာလင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

နှမ်းခါးကျေးရွာတွင် လက်နက်ကိုင်တပ်ဖွဲ့များ ရွှေထည်ပစ္စည်းများ၊ ဖုန်းများ အစရှိသည့် တန်ဖိုးရှိသော ပစ္စည်းများနှင့် ငွေကြေးတို့ကို လုယူသွားလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

အိမ်ခြေ ၁၀၀၀ ဝန်းကျင် လူဦးရေ ၄၀၀၀ ခန့် ရှိသော ထိုရွာတွင် လူဦးရေ ၃၀ ခန့်သာ ကျန်ရှိကြောင်း ပြောသည်။

“ဓားကအစ ကြက်သွန်လှီးဓားကအစ အကုန်ယူတာ။ အခါခါ လာနေတယ်ဆိုတော့ မတ် ၃၀ ညနေ လေးနာရီခွဲလောက် ပြေးကြရတာ။ ဘီယာအရက် ရောင်းတဲ့ဆိုင်ဆိုလည်း သောက်ရုံတင်မဟုတ်ဘူး။ အကုန် ထည့်ယူသွားတာပေါ့။ NLD ဆိုင်းဘုတ်တွေ၊ အမေစု အလံတွေ၊ ဆိုင်းဘုတ်တွေရှိတဲ့ အိမ်ဆိုရင် အကုန်ရိုက်ချိုးဖျက်၊ အဲဒီလိုအိမ်မျိုးဆို ပိုပြီးတော့မှ ထုချေသွားတာပေါ့” ဟု  ထိုရွာမှ တိမ်းရှောင်နေရသူတစ်ဦးက ပြောသည်။

ဤဒေသများအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ အသုံးအဆောင်များလုယူခြင်း၊ ဒေသခံတို့နှင့် ထိပ်တိုက်တွေ့ဆုံခြင်းတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြန်ကြားရေးတာ၀န်ရှိသူကို မေးမြန်းရန် ဆက်သွယ်၍ မရသေးပေ။

ခုခံစစ်ကို ဟန့်တားခြင်း

ဂန့်ဂေါမြို့ပေါ်တွင်လည်း စစ်ကားများဖြင့် တစ်လမ်းဝင် တစ်လမ်းထွက်ကာ မီးပိတ်ထားသော အိမ်များကို ပစ်မှတ်ထား၍ ဝင်ရောက်ရှာဖွေပြီး တန်ဖိုးရှိ‌သော ပစ္စည်းများကို ယူဆောင်သွားကြောင်း မြို့ပေါ်နေ ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူတို့ ခုခံရာတွင် အသုံးပြုနိုင်ဖွယ်ရှိသည်တို့ကို သိမ်းယူနေကြောင်း သတင်းရရှိသည်။

လက်နက်ရှာဖွေစဉ် ဓားသုံးလက်ရှိပါက နှစ်လက် ယူဆောင်သွားတတ်သည်ဟု အဆိုပါ မြို့ခံက ပြောသည်။

“တစ်ချောင်းပဲထား။ သုံးချောင်း ဘာလုပ်မှာလဲဆိုပြီး သိမ်းသွားတာ။ ကြက်သွန်လှီးဓားတော့ မဟုတ်ဘူး။ ငှက်ကြီးတောင်ဓားလည်း မဟုတ်ဘူး။ ကျေးလက်ပြည်သူတွေ သုံးတဲ့ ဓား။  ထင်းခုတ်ဓား၊ ဓားချွန်တို့ဘာတို့ပေါ့” ဟု မြို့ခံက ၎င်းအနီးပတ်ဝန်းကျင်ရှိ အဖြစ်အပျက်ကို ပြောခြင်းဖြစ်သည်။

လက်လုပ်သေနတ်များ အသုံးပြုကာ အမဲလိုက်လေ့ရှိသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူး၊ ကလေး၊ ဂန့်ဂေါ စသည့် မြို့များကို ဖြိုခွင်းရာတွင် လက်လုပ်တူမီးသေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခံရသည်။

အဆိုပါမြို့များမှာ မူလက ငြိမ်းချမ်းစွာဆန္ဒပြသည့် မြို့နယ်များဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကျည်အစစ်များအသုံးပြု၍ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းသည့်နောက်တွင် ထိုသို့ ပြန်လည် ခုခံခြင်းဖြစ်သည်။

မတ် ၃၀ တွင် ကလေးမြို့ကို အကြမ်းဖက်လက်နက်ကိုင်တပ်များ အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းနေသည်ဟု သတင်းကြားရ၍ ဂန့်ဂေါမြို့ဒေသခံများ ကားလမ်းမကြီးများသို့ ထွက်၍  ပိတ်ဆို့ကာ ခုခံကာကွယ်ကြကြောင်း ဒေသခံများက ဆိုသည်။ ထိုခုခံမှုတွင် ဒေသခံ ၄ ဦး ကျည်ထိမှန်၍ သေဆုံးကြောင်း ၎င်းတို့က ဆက်လက်ပြောသည်။

“လက်လုပ်သေနတ်တွေပေါ့ဗျာ၊ တူမီးတို့ တစ်ချက်ထည့်လိုက် ပစ်လိုက်၊ တစ်ချက်ထည့်လိုက် ပစ်လိုက် ဒါမျိုးတွေပါ ” ဟု ၎င်းတို့က ဆိုသည်။

ဒေသခံတစ်ဦးကမူ ဂန့်ဂေါမြို့မှ ဒေသခံများ ဟင်းစားရှာသည့်အနေဖြင့် ည ၈ နာရီအချိန်တွင် ဓလေ့အရ ကလေးမြို့သို့ ဝက်ဖမ်းထွက်သည်ကို အကြမ်းဖက် လက်နက်ကိုင်တပ်များက ပစ်ခတ်၍ နှမ်းခါးရွာမှ အသက် ၄၂ နှစ် အရွယ် ဦးဇော်ဇော်မြင့် (ခေါ်) ဖိုးသားလေး ကျဆုံးကြောင်း ပြောသည်။

ယမန်(မတ် ၃၀) ညက နှမ်းခါးကျေးရွာရှိ လူငယ်များ ဝက်ဖမ်းထွက်သည့်အချိန်တွင် ကြိုးကြာစက်ကွင်းအနီးအရောက် စစ်သားများက သေနတ်ပစ်၍ အသက် ၂၀ ကျော်အရွယ် ဖိုးသားဆိုသူ ကျဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

ကျဆုံးသူတို့၏ ရုပ်အလောင်းသွားကောက်သူတို့ကို အနှောင့်အယှက်ပေးသဖြင့် နှမ်းခါးကျေးရွာရှိ ရွာသားများနှင့် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့နောက် ဂန့်ဂေါ မြို့နယ်ရှိ‌ အခြားသော ကျေးရွာများမှ ရွာသူရွာသားများပါ ထွက်လာပြီး ရရာလက်နက်ဖြင့် ခုခံကာကွယ်ကြသည်။ အထူးသဖြင့် ရွာသူရွာသားများသည် လက်လုပ်တူမီးသေနတ်များကို အသုံးပြုကာ ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ပေါက်ကွဲစေသော လက်နက်များ၊ စက်သေနတ်များ အသုံးပြု၍ ပစ်ခတ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

ဂန့်ဂေါမြို့နယ်တွင် မတ် ၃၀ မှစ၍ နေ့စဉ် ညစဉ်နီးပါး ဖြစ်ပွားနေသော တိုက်ပွဲများတွင် အမည်၊ အသက်၊ နေရပ်လိပ်စာ အတိအကျဖြင့်မှာ အလယ်ရွာမှ အသက် ၃၃နှစ်အရွယ် ကိုဇော်လင်း၊ တောင်ခင်ရမ်းရွာမှ ၄၉ နှစ်အရွယ် ကိုဝင်းလွင်၊ နှမ်းခါးရွာမှ ၄၂ နှစ်အရွယ် ကိုဇော်ဇော်မြင့်(ခ) ဖိုးသားလေး၊ ပျားရွာမှ ၂၃ နှစ်အရွယ် ကိုမင်းမော်ထွန်းတို့ လေးဦး ကျဆုံးကြောင်း အတည်ပြုနိုင်သည်။

မူရင်းသတင်း – မြန်မာနောင်း ( https://www.myanmar-now.org/mm/news/6364 )

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English