ဒီနေ့တောင်ဒဂုံမှာစစ်သူပုန်တွေဟာ 72mm ဗုံးပစ်သေနတ်တွေအသုံးပြုနေတဲ့ ဗီဒီယိုဖိုင်တွေတက် လာ ပါတယ်။ စစ်ကောင်စီရဲ့လက်နက်မဲ့ပြည်သူအပေါ်ရက်စက်ယုတ်မာမှုတွေကိုဖော်ပြစရာစကားလုံးတောင်မရှိတော့ပါဘူး။
တောင်ဒဂုံဆိုတာရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးမြို့နယ်လေးတစ်ခုပါ။ မတ် ၂၇ သတ်မတော်နေ့မတိုင်ခင်က တည်းက အခိုင်အမာသပိတ်ခံတပ်တွေလုပ်ပြီးဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်နေတာပါ။ စစ်သူပုန်တွေဟာ သတ်မတော်နေ့ကစပြီးတောင်ဒဂုံကိုဖြိုခွဲဖို့နေ့ရောညပါလုပ်ဆောင်လာခဲ့ပါတယ်။ နောက်ဆုံး လက်ပစ်ဗုံးတွေ၊ စစ်မြေပြင်သုံးလက်နက်တွေနဲ့အင်အားအဆမတန်အသုံးပြုပါတော့တယ်။ ဒီနေ့ညထိ ရပ်ကွက်တွေထဲ၊ အိမ်တွေထဲထိလိုက်လံပစ်ခတ်နေပါတယ်။
တောင်ဒဂုံမှာဒီနေ့တစ်ရက်ထဲတင်သေဆုံးသူ ၁၅ ဦး ထက်မနည်းရှိသွားပါပြီ။