ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မဲပန်ဝနဲ့ မဲဝိုင်ရွာတွေပေါ်ကို မတ်လ ၃၀ ရက် ဒီနေ့ ညနေ ၃ နာရီလောက်မှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲ သွားတယ်လို့ မဲဝိုင်ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ရိက္ခာလမ်းကြောင်းကို ပြန်ဖွင့်ပေးဖို့နဲ့ အချိန် ၂၄ နာရီပဲပေးမယ်ဆိုတဲ့အပေါ် KNU က လက်မခံဘဲ ငြင်းဆိုလိုတာကြောင့် မနေ့ညကတည်းက တိုက်လေယာဉ်တွေကို နိမ့်နိမ့်လေး ပျံပြနေပြီးနောက် ဒီနေ့မှာတော့ တိုက်လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
![](https://militarycoupmyanmar.com/wp-content/uploads/2021/03/164819836_10160958708843128_4659667281665852492_n-570x1024.jpg)
![](https://militarycoupmyanmar.com/wp-content/uploads/2021/03/165856918_10160958708738128_1061346323825198312_n-1024x576.jpg)
![](https://militarycoupmyanmar.com/wp-content/uploads/2021/03/165075271_10160958708783128_570734447121663832_n-570x1024.jpg)
![](https://militarycoupmyanmar.com/wp-content/uploads/2021/03/166882009_10160958708753128_3703970928357837237_n-1024x576.jpg)
သူတို့ကိုယ်တိုင်လည်း ကြောက်လန့်နေကြရပြီး အခြားဒေသခံရွာသားတွေကတော့ ထွက်ပြေး သွားကြပြီလို့လည်း အမည်မဖော်လိုသူ အဲဒီဒေသခံကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာလည်း အာဏာသိမ်းစစ်ကောင်စီက KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အရပ်သားအချို့ သေဆုံးတာ ဒဏ်ရာရတာတွေရှိပြီး တစ်သောင်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
ထိခိုက်သေဆုံးမှု ပျက်စီးမှုတွေကတော့ သူတို့အနေနဲ့ အပြင်မထွက်ရဲသေးလို့ ဘာမှမသိရသေးဘူးလို့လည်း ပြောပါတယ်။