အောင်ပင်လယ်မှာအောင်ပွဲရခဲ့တယ်။
အောင်ပင်လယ်ဆိုတာရန်ကုန်က လှိုင်သာယာလိုမန္တလေးအရှေ့ဘက်ဆင်ခြေဖုံးမြို့နယ်လေးတစ်ခုပါ။ ဒီတော်လှန်ရေးမှာနေ့စဥ်တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့နေရာတစ်ခုပေါ့။ ဒါကြောင့်စစ်သူပုန်တွေဟာ အောင်ပင်လယ်ကိုအငြိုးကြီးစွာဖြိုခွင်းဖို့ကြိုးစားခဲ့တယ်။
ဒီနေ့နေ့ခင်းလောက်မှာစစ်သူပုန်တွေဟာအောင်ပင်လယ်လမ်းမတွေပေါ်က အတားအဆီးတွေကိုဖျက် ဆီးဖို့စလုပ်တယ်။ မြို့နေလူထုကလက်မခံတော့ထိတွေ့မှုတွေဖြစ်ပွားလာတယ်။ ရရာလက်နက်စွဲ ကိုင်ပီးညီညီညာညာတွန်းလှန်ကြတဲ့အတွက်တိုက်ပွဲပုံစံဖြစ်လာခဲ့တယ်။ တစ်နေ့လုံးနှစ်ဖက်ထိတွေ့မှု တွေဖြစ်ပွားခဲ့ပြီးညနေပိုင်းမှာစစ်သူပုန်တွေပြန်ဆုတ်ခွာရတယ်။
တိုက်ပွဲဟာမပြီးဆုံးသေးပဲညပိုင်းမှာစစ်သူပုန်တွေဟာအင်အားအလုံးအရင်းနဲ့ထပ်ရောက်လာတယ်။ မြို့ခံတွေကလည်း ပတ်ဝန်းကျင်ကိုအမှောင်ချပြီးနယ်မြေကျွမ်းကျင်မှုကို အသာစီးယူကာပြန်လည် ခုခံကြတယ်။ စစ်သူပုန်တွေဟာ အမှောင်ထဲမှာ စက်သေနတ်တွေနဲ့ပစ်ခတ်ရတဲ့အထိ အခြေအနေတွေ တင်းမာခဲ့ပါတယ်။ နှစ်ဘက်စလုံးထိခိုက်မှုတွေရှိလာခဲ့တယ်။ အင်အားချင်းမမျှပေမယ့် အောင်ပင်လယ် ဟာ အောင်မြင်စွာခုခံနိုင်ခဲ့ပါတယ်။ ည ၁၂ နာရီလောက်မှာ စစ်သူပုန်တွေပြန်ဆုတ်သွားခဲ့တယ်။
ဝမ်နည်းစရာကောင်းတာကညပိုင်းထိတွေ့မှုသတင်းတွေဟာ မီဒီယာတွေပေါ်ရောက်မလာခဲ့ပါဘူး။ ညအမှောင်ချ ထားခံရခြင်း၊ အင်တာနက်လိုင်းတွေဖြတ်တောက်ခံရခြင်းတို့ကြောင့် အောင်ပင်လယ်ဟာ Media Cover မရခဲ့ပါဘူး။ အတည်ပြုလို့ရတဲ့သတင်းတွေအရ မြို့ခံတွေဘက်ကအနည်းဆုံး ၁၀ ဦးခန့်ကျဆုံးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်သူတို့ဟာစုပေါင်းအားနဲ့စစ်သူပုန်တွေကိုအောင်မြင်စွာခုခံနိုင်ခဲ့ပါတယ်။