နိုင်ငံတကာရေးရာမှာတော့တိုးတက်မှုတွေရှိလာပါပြီ။ R2P စောင့်ကြည့်ရေးအဖွဲ့ကသူတို့ရဲ့အဆင့်သတ်မှတ်ချက်မှာတခြားနိုင်ငံတွေကျော်ပြီးမြန်မာကိုအဆင့် ၁ နေရာတင်လိုက်ပါတယ်။
အမေရိကန်လေယာဥ်တင်သင်္ဘောအုပ်စုတစ်ခုဟာမြန်မာပြည်ဘက်ကိုရွှေ့လျားလာနေပါပြီ။ အမေရိကန်နဲ့အတူသူတို့ရဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ QUAD အဖွဲ့ဟာလေးနိုင်ငံပေါင်းစစ်ရေလေ့ကျင့်မှုကိုဘဂ်လားပယ်လယ်အော်မှာလုပ်ဖို့ရှိတယ်လို့ သတင်းဌာနတွေကဆိုပါတယ်။ တခြားရည်ရွယ်ချက်တွေလဲရှိကောင်းရှိနိုင်တယ်ပေါ့။
ပြည်တွင်းမှာတော့စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်၊အောင်ပန်းမြို့မှာတနေ့ထဲအနည်းဆုံး၇ဦးခန့်ကျဆုံးခဲ့ပါတယ်။ အောင်ပန်းလိုအေးချမ်းတဲ့မြို့သေးသေးလေးကိုအဲ့လောက်ထိအင်အားသုံးဖြိုခွင်းတာဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။