ဒီနေ့မှာလည်း စစ်သူပုန်တွေဟာ ရန်ကုန်တစ် မြို့လုံးမှာပိတ်ဆို့ထားတဲ့အတားအဆီးတွေကိုဖယ်ရှားဖို့ အသည်းအသန်ကြိုးစားနေတာကို တွေ့ရပါတယ်။ ဆန္ဒပြပွဲတွေကိုလည်းဖြိုခွင်းနေပေမယ့်လူငယ်တွေကခုခံနေကြလို့အခက်တွေ့နေပုံရပါတယ်။ လူငယ်တွေရဲ့ဆန္ဒပြပုံစံဟာနောက်တစ်ဆင့်တက်လာပေမယ့် စစ်သူပုန်တွေရဲ့အင်အားအလွန်အကျွံသုံးအကြမ်းဖက်မှုတွေကြောင့်ရေရှည်တောင့်ခံနိုင်ဖို့သိပ်မလွယ်ကူပါ။ ဒီအချိန်ဟာလူငယ်လူကြီးမရွေးညီညီညာညာတော်လှန်ခုခံရမယ့်အချိန်ရောက်နေပါပြီ။ တချို့လူကြီးတွေကတော့ခြိမ်းခြောက်မှုမျိုးစုံကြောင့်နောက်တွန့်နေတာကိုတွေ့ရပါတယ်။
နိုင်ငံတဝန်းမှာတော့ဆန္ဒပြပွဲတွေဟာဆက်လက်အားကောင်းနေဆဲပါ။