မြန်မာပြည်ရဲ့အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့မန္တလေးကလမ်းမကြီးတွေဟာစစ်မြေပြင်နီးနီးဖြစ်နေပါပြီ။
စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုတားဆီးဖို့အတွက်၊ သပိတ်စစ်ကြောင်းတွေရဲ့လုံခြုံရေးအတွက် ပြည်သူလူထုဟာလမ်းမကြီးတွေကအစ လမ်းသွယ်လေးတွေပါမချန်ရရာပစ္စည်းတွေနဲ့တားဆီးပိတ်ဆို့နေရပါတယ်။ စစ်သူပုန်အဖွဲ့ဟာလည်းနေရာအနှံမှာထိုအတားအဆီးတွေကိုဖျက်ဆီးဖို့ကြိုးစားကြပါတယ်။ လူထုနဲ့ထိပ်တိုက်တွေ့ရင်ပစ်ခတ်ဖြိုခွင်းပါတယ်။ လူထုကလဲအတားအဆီးတွေကိုခံပြီးရရာလက်နက်နဲ့ပြန်ခုခံကြပါတယ်။ လှိုင်သာယာအဝင်ဘုရင့်နောင်လမ်းဆုံမှာဆို တနေကုန်နီးပါးတိုက်ခိုက်ခံနေရတာပါ။ တမြို့လုံးလဲ မီးခိုးလုံးတွေ၊ ယမ်းနံတွေ၊ ညှော်နံတွေဖုန်းလွှမ်းနေပါပြီ။
တချို့နေရာတွေမှာဆို စစ်သူပုန်တွေဟာအတားအဆီးတွေကိုဖယ်ခိုင်းဖို့အတွက်လမ်းသွားလမ်းလာယောက်ျားလေးတွေကိုအတင်းအဓ္ဓမပေါ်တာဆွဲခိုင်းစေမှုတွေရှိလာပါတယ်။ အတားအဆီးတွေမဖယ်ပေးရင်ရပ်ကွက်ကိုပါမြေလှန်ပစ်ခတ်မယ်ဆိုပြီးခြိမ်းခြောက်လာနေပါပြီ။ ဒီပုံစံတိုင်းဆက်ဖြစ်နေမယ်ဆိုရင်ပြည်သူလူထုဟာကိုယ့်အိမ်ထဲမှာနေတာတောင်မလုံခြုံတဲ့ဘဝရောက်ရှိနေပါတယ်။
ဒါပေမယ့်လဲတဖက်ကပြန်ကြည့်မယ်ဆိုရင် လမ်းတွေပေါ်ကတားဆီးပိတ်ဆို့မှုတွေကြောင့် သူတို့ရဲ့အုပ်ချုပ်ရေး၊ စီးပွားရေးယန္တရားကြီးတစ်ခုလုံးခုချိန်ထိလည်ပတ်လို့မရသေးပါဘူး။ ပြည်သူလူထုကညီညီညာညာနဲ့ဆက်လက်တောင့်ခံသွားရပါမယ်။