Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ယမန်နေ့တွင် သေဆုံးသူအနည်းဆုံး ၃၈ ဦးရှိခဲ့၊ ယနေ့နံနက်တွင် ဖုန်းအင်တာနက်ပြတ်တောက်နေ

မတ် 15, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များက အင်အားသုံးအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် အသေအပျောက်အများဆုံးဖြစ်သော ရန်ကုန် လှိုင်သာယာမြို့နယ် အပါအဝင် အခြားသောမြို့နယ်များ တွင်လည်း သေဆုံးမှုများရှိခဲ့ရာ ယမန်နေ့ (မတ် ၁၄) တစ်ရက်တည်း၌ပင် သေဆုံးသူ ၃၈ ဦးထက်မနည်းရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ညပိုင်း ညဉ့်နက်သည်အထိ ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများ၊ နောက်ဆုံးတွဲ သေဆုံးဒဏ်ရာရရှိမှုများ ကြားနေခဲ့ရပြီး ယနေ့ (မတ် ၁၅) နံနက်ပိုင်းတွင် အိမ်သုံးအင်တာနက်နှင့် ဖုန်းလိုင်း များ ရရှိသော်လည်း ဖုန်းအင်တာနက်များ ပြတ်တောက်နေသည်ဟု ရန်ကုန်မြို့ခံအချို့က Myanmar Now ကိုပြောသည်။

ဖုန်းအင်တာနက်ကို အကန့် အသတ်မရှိဖြတ်တောက်မည်ဟူသော သတင်းများ ယမန်နေ့ညပိုင်း ကတည်းက ထွက်ပေါ်နေခြင်းဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီတစ်ခုကို ကိုးကားလျက် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း Foodpanda ကလည်း အင်တာနက်ပြတ်တောက်မည် ဖြစ်ကြောင်း ၎င်း၏ဖောက်သည်များကို အကြောင်းကြားခဲ့သည်။

“အခု အိမ်သုံးအင်တာနက်ပဲရတယ်။ ဖုန်းအင်တာနက်က မရဘူး။ ကြည့်ရတာ လိုက်လွှင့်တာတွေ (Livestreaming) ဓာတ်ပုံတွေ ဗီဒီယိုတွေ ရုတ်တရက်ပို့မရအောင် လုပ်တာလား မသိဘူး။ ဖုန်းကတော့ ဆက်လို့ရတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်။

လှိုင်သာယာမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီလက်နက်ကိုင်များနှင့် ဒေသခံပြည်သူလူထုတို့ အပြင်းအထန် ထိပ်တိုက်တွေ့ခဲ့ပြီး စစ်ကောင်စီက စစ်တပ်နှင့် ရဲအင်အားဖြည့်တင်းကာ ညပိုင်းအထိ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

လူအမြောက်အများသေဆုံးခဲ့ရသည့်အပြင် ဒဏ်ရာရသူအရေအတွက်လည်း များပြားခဲ့ပြီး စက်ရုံသုံးခု ထက်မနည်းလည်း မီးလောင်းခဲ့သည်။ အဆိုစက်ရုံများအနက် တရုတ်နိုင်ငံသားစက်ရုံနှစ်ခု ပါဝင်ကြောင်း တရုတ် နိုင်ငံပိုင်သတင်းဌာနများက ရေးသားပြီးနောက် မီးရှို့ဖျက်ဆီးသူများကို အပြစ်ပေးအရေးယူရန် မြန်မာနိုင်ငံဆိုင် ရာတရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မူရင်းသတင်း – မြန်မာနောင်း ( https://www.myanmar-now.org/mm/news/6091 )

Related Posts

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်
သတင်း

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီဖြစ်

ဇန်နဝါရီ 19, 2023

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ...

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

ဇန်နဝါရီ 19, 2023

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်...

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

ဇန်နဝါရီ 10, 2023

ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥ‌ပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist