
စစ်တပ်က အာဏာသိမ်းပြီးချိန်မှစကာ ဖမ်းဆီးခံထားရသူ ထောင်ချီရှိသော်လည်း စစ်ကောင်စီက လက်စလက်နဖျောက်ထားသဖြင့် မည်သို့မျှ စုံစမ်းမေးမြန်းမရဖြစ်နေကြောင်း သက်ဆိုင်ရာ မိသားစုဝင်များနှင့် တရားလွှတ်တော်ရှေ့နေများက ပြေသည်။
စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် မိသားစုဝင်များပါမချန် ထင်ရာစိုင်းဖမ်းဆီးနေသည့် အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီးနေသဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ထိခိုက်နစ်နာမှုများကို အတည်ပြုရန် ခက်နေသည်ဟုလည်း ၎င်းတို့က ဆိုသည်။
အကောင်းပတိအနေအထားဖြင့် ညပိုင်းတွင်ဖမ်းဆီးခံခဲ့ရပြီးနောက် မနက်ပိုင်းတွင် အလောင်းသာ ပြန်ရသည့် ရင်နင်စရာ ဖြစ်ရပ်များလည်း ရှိနေသည်။
သတင်းအပြည့်အစုံ ဖတ်ရန်; https://www.myanmar-now.org/mm/news/6017
မူရင်း သတင်း ; Myanmar Now