စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုသည့် ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာလမ်းဆုံရှိ အထိုင်သပိတ်ကို စစ်ကောင်စီ၏ ရဲနှင့်တပ် ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ ဖြိုခွင်းရာ ၁၇ ဦး အဖမ်းခံရပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။
ယနေ့ (မတ် ၇) မွန်းလွဲ ၂ နာရီခန့်တွင် ရဲနှင့်တပ် ပူးပေါင်းအင်အား ၅၀၀ ခန့်က စစ်ကား ၁၀ စီးဖြင့် ရောက်ရှိလာပြီး မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးများ ပစ်ဖောက်ပြီး ရပ်ကွက်အတွင်းပိုင်းလမ်းများအထိ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့ သည်ဟု မျက်မြင်များက Myanmar Now ကို ပြောသည်။
မူရင်းသတင်း – Myanmar NOW
သတင်းနှင့်ဓါတ်ပုံများကို Original Uploader များအား Credit ပေးပါသည်။