ကုလသမဂ္ဂတာဝန်ရှိသူက ထုတ်ဖော် ပြောကြားချက်အရ ယမန်နေ့ (မတ်လ ၃) တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ကျည်အစစ်အသုံးပြု အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် လူ ၃၈ ဦး သေဆုံးခဲ့ရာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပို၍အရှိန်မြင့်လာဖွယ်ရှိနေသည်။
၁၅ : ၃၀ အင်းစိန် ပေါက်တောဝ လူစုခွဲ
ရန်ကုန်မြို့ အင်းစိန်ပေါက်တောဝ သပိတ်ကို ဖြိုခွင်းမှုများမရှိသော်လည်း စစ်သားနှင့်ရဲများက လာရောက်စောင့်ကြည့်နေခဲ့သည်။ ယနေ့ ညနေ သုံးနာရီခွဲခန့်တွင် ထောင်ချီသော ဆန္ဒပြသူများ က လူစုခွဲလိုက်ကြသည်။
Myanmar NOW မှတင်ဆက်သည့် အဆိုပါ မူရင်းသတင်းဖတ်ရှုရန် >>> https://bit.ly/3e8FH0U