ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ခြေလှမ်းတွေက ဒီရက်ပိုင်းသွက်လာတာတွေ့ရတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့လူ ၂၃ ယောက်ကြွေလွင့်အပြီးမှာ စစ်ကောင်စီကိုအကြမ်းဖက်အုပ်စုအဖြစ်ကြေငြာလိုက်သလို ဒီနေ့မှာလဲပြည်ထောင်စုဝန်ကြီးတွေခန့်အပ်နေပြီဆိုတော့ အစိုးရဖွဲ့နေပြီဆိုတဲ့သဘောပေါ့။
တစ်နိုင်ငံလုံးမှာတော့လူထုဆန္ဒပြပွဲတွေဆက်လက်အရှိန်တက်နေဆဲပါပဲ။