ဒီနေ့တော့မနက်အိပ်ရာနိုးတာနဲ့မနေ့ကအကြောင်းတွေးမိတယ်။ မနေ့က၂ငါး လုံးအရေးတော်ပုံကြီး အကြောင်း ကမ္ဘာသတင်းတွေမှာတက်လာပြီ။ တစ်ကမ္ဘာလုံးအံသြမှင်သက်ကြတဲ့လူထုလှုပ်ရှားမှုကြီး အနေနဲ့ပေါ့။ ဒီနေမနက်ခင်းလေးကိုဒီသတင်းတွေနဲ့ဖြတ်သန်းရတာအရသာရှိလိုက်တာ။
ဆန္ဒပြသူတော်တော်များများ အင်အားလျော့သွားတယ်။ မနေ့က ပင်ပန်းထားကြတယ်လေ။ ဒါပေမဲ့ အဓိ ကကျတဲ့နေရာတွေမှာတော့ သူ့အစုနဲ့သူရှိနေတုန်းပဲ။ ဒီနေ့အင်ဒိုသံရုံးရှေ့ဆန္ဒသွားပြကြလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနေပြည်တော်လာမယ့်အစီအစဥ်ဖျက်သိမ်းသွားတယ်လို့သိရတယ်။ ကောင်းတယ်။ ဒီချိန်မှာဘယ်နိုင်ငံတကာရေးရာပဂ္ဂိုလ်မှမြန်မာပြည်မလာသင့်သေးဘူး။ သူပုန်တွေကိုအသိအမှတ်ပြု သလို ဖြစ်သွားမှာပေါ့။ ဒီချိန်မြန်မာပြည်မှာအစိုးရမရှိဘူး။ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့သူပုန် အဖွဲ့ ပဲရှိတယ်။