မနေ့က တစ်နိုင်ငံလုံးအပြင်ထွက်ထားကြတော့ ဒီနေ့ လူနည်းမယ်ထင်ထားတာ။ ဒါပေမဲ့မနည်းဘူး။ ကျွန် တော်တို့ရဲ့ စည်းလုံးမှုအားက ပြင်းထန်တယ်။ တက်ညီလက်ညီရှိကြတယ်။
ဆန္ဒပြတဲ့ပုံစံကိုတစ်မျိုးပြောင်းလိုက်ကြပြန်တယ်။ မနေ့က ကားပျက်တော့ သူတို့က ကားမှန်ရိုက်ခွဲတာ မျိုး၊ ကရိန်းကားခေါ်တာမျိုးတွေကို ကြိုလုပ်ထားတယ်။ ဒီတော့ ပြည်သူတွေက ဒီနေ့ကားမပျက် ပြကြဘူး။ ဒါ ပေမဲ့ ကားကိုဖြည်းဖြည်းလေးမောင်းကြတယ်။ ကားကလမ်းပေါ်မှာသွားနေတာပဲ ဒါပေမဲ့ တ ကယ့်ကိုဖြည်းဖြည်းလေးဆိုတော့ ကားလမ်းတွေပိတ်ကုန်တယ်။
ဆန္ဒပြသူတွေလည်း ဟိုနေရာမှာရော ဒီနေရာမှာရော အစုစုရှိကြတယ်။ အာဏာလုစစ်ခေါင်းဆောင်တွေ ဟာ ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မယ်ဆိုတဲ့သတင်းကိုထုတ်လိုက်ကြတယ်။ ရခိုင်၊ တနင်္သာရီစတဲ့နေ ရာတွေမှာ စစ်ရေးလေ့ကျင့်မှာမို့ အဲဒီနားမှာရှိတဲ့ ရေလုပ်သားတွေ၊ ငါးဖမ်းလုပ်ငန်းတွေရှောင်နေဖို့သတင်း လွှင့်လိုက်တာပါ။ ပြီးတော့ အနုပညာရှင်တော်တော်များများကို ဝရမ်းထုတ်လိုက်သေးတယ်။ ပြေတီဦး၊ ဇင်ဝိုင်း၊ လူမင်း အစရှိသဖြင့် နာမည်ကျော်အနုပညာရှင်တော်တော်များများပါတယ်။
မထူးပါဘူး။ မြန်မာတစ်နိုင်ငံလုံးက ဝရမ်းပြေးတွေလို့ဆိုရမှာပါပဲ။ ဓမ္မကို အဓ္ဓမက မတရားကျင့်နေ တဲ့ခေတ်ကြီး။ ည သံပုံးတီးသံကို ပုံမှန်အတိုင်းပဲ။ လျော့မသွားဘူး။
>>>>>