ပြည်သူလူထုအထိတ်တလန့်ဖြစ်အောင် အဖြစ်အမှောက်လုပ်ငန်းတွေကို လုပ်ဆောင်နေသူတဦးကို မုံရွာမြို့၊နတ်လူထိပ်ပန်ရပ်ကွက်၊နယ်မြေ(၉) မှာ ၂၂.၂.၂၀၂၁ ရက်နေ့ညနေ (၆) နာရီဝန်းကျင်က မသက်ာ စရာတွေ့ရှိတဲ့အတွက် ရပ်ကွက်တာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။
အခုလိုစစ်ဆေးမေးမြန်းတဲ့နေရာမှာ အဖျက်အမှောက်လုပ်ငန်းတွေကို မံုရွာမြို့ တည်းခိုရေး (၅) စစ်တပ်က ဗိုလ်မှုးဆိုသူနဲ့ တပ်ရေးဗိုလ်ကြီးတို့ကစေခိုင်းတာဖြစ်ပြီး ၎င်းနဲ့အတူ တပ်သား (၅) ဦးလည်းပါဝင်တယ်လို့ထွက်ဆိုခဲ့တာပါ၊ အခုဖမ်းမိထားသူကိုတော့စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းကို အပ်နှံခဲ့တာပါ။
မူရင်းသတင်းဌာနမှ တင်ဆက်သော ဗီဒီယိုကို ဖော်ပြပါ Link တွင်ကြည့်နိုင်ပါသည်။