Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁။ (သောကြာ)

ဖေ‌ဖော်ဝါရီ 25, 2021
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1min read
Share on FacebookShare on Twitter

မန္တလေးမှာ လူတွေကိုပစ်သတ်သွားတယ်။ ကချင်ပြည်နယ်မှာ လူတွေကိုလိုက်ဖမ်းတယ်။ ခေါ်သွား တယ်။ ဘယ်နေရာကိုခေါ်သွားမှန်းလည်းမသိ၊ အစလိုက်ရှာလို့လည်းမရ။ ရန်ကုန်မဟုတ်တဲ့ ဒေသတွေ မှာ အဲဒီလိုအဖြစ်အပျက်တွေများလာတော့ အားလုံးက စိတ်ပူလာကြတယ်။ အနုပညာရှင်တစ်ချို့ကို လည်း ခြိမ်းခြောက်ဖုန်းဆက်ပြီး CDM လှုံ့ဆော်ရေးကမ်ပိန်းတွေဆက်မလုပ်ဖို့ အာဏာရှင်တွေကတားဆီး နေကြတယ်။ ဥပမာအားဖြင့် ဂျွန်လွင်ရဲ့အသံဖိုင်တစ်ခု ပြန့်နေတယ်။ ဂျွန်လွင်က သူ့တပည့်တွေကို CDM လှုံ့ဆော်ရေးတွေဆက်မလုပ်ဖို့တားဆီးတဲ့သဘောသက်ရောက်နေလို့ အားလုံးကဝေဖန်ကြတယ်။

မနေ့ကလည်း ဘုန်းကြီးတွေက ကားမှန်တွေရိုက်ခွဲ၊ လူတွေကို ပြဿနာရှာတဲ့ ဗီဒီယိုဖိုင်တွေတက်လာ ပြန်တယ်။ စစ်အာဏာလုတွေကတော့ ဘာသာရေးမှိုင်းတိုက်ပြီ။ မြန်မာနိုင်ငံက ဘာသာရေးနဲ့ပတ်သက် လို့ ဆတ်ဆတ်ထိမခံကြတတ်တဲ့အလေ့အထရှိတာမို့ ဘာသာရေးနဲ့ဆူပူမှုဖြစ်အောင်သူတို့လုပ်နေကြ တာ။ ဒါပေမဲ့ အများပြည်သူက အရှောင်အတိမ်းမြန်တယ်။ ပြဿနာအဖြစ်မခံတော့ဘဲရှောင်ထွက်သွား ကြတယ်။ ပြဿနာရှာတဲ့ဘုန်းကြီးတွေက ဘုန်းကြီးအစစ်တွေဟုတ်ပုံမရဘူး။ သူတို့လုပ်ကြံထားတဲ့ဘုန်း ကြီးအတုတွေဖြစ်လိမ့်မယ်။ ဘာသာရေးကိုခုတုံးလုပ်တတ်တဲ့သူတို့ကို ဘုရားမရိုက်ဘူးလားလို့မေးမိ တယ်။ ဘုရားဆီကလည်း ပိုက်ဆံတွေလုတဲ့လူတွေ ဘယ်ကုသိုလ်ကံကြောင့် အခုလောက်အထိအများ ပြည်သူကို ဒုက္ခပေးနိုင်တာပါလဲ။

သူတို့တွေဟာ စစ်အာဏာရှင်တွေဟာ ဘယ်လောက်အတိုင်းအတာအထိကို ယုတ်မာနေကြဦးမှာလဲ။ အခု ဆိုရင် အင်တာနက်ကို ည ၁ နာရီကနေ မနက် ၉ နာရီအထိဖြတ်တောက်ထားတယ်။ ဖေ့စ်ဘုတ်အသုံးပြု ခွင့်ပိတ်ထားတယ်။ သူတို့တွေဟာ အချိန်မရွေးနေရာမရွေး ကိုယ့်အိမ်ထဲကိုဝင်လာပြီး အိမ်ထဲကပစ္စည်း တွေအားလုံးကို စစ်ဆေးခွင့်၊ ကြိုက်သလိုခြယ်လှယ်ခွင့်ရှိတဲ့ ဥပဒေတွေကိုလည်း တစ်ခုပြီးတစ်ခုထုတ်ပြန် ထားတယ်။ အဲဒီထက်ယုတ်မာတာဘာရှိဦးမှာလဲ။

>>>>> 

Related Posts

ဇန်နဝါရီ ၂၃၊ ၂၀၂၃။ (တနင်္လာ)
အာဏာသိမ်း ဒိုင်ယာရီ

ဇန်နဝါရီ ၂၃၊ ၂၀၂၃။ (တနင်္လာ)

ဇန်နဝါရီ 27, 2023

စစ်ဖက်ဆိုင်ရာထောက်လှမ်းရေးတပ်ရင်းတစ်ခုမှ ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့ဟာ နေပြည်တော်၏ တောင်ဘက်...

ဇန်နဝါရီ ၂၂၊ ၂၀၂၃။ (တနင်္ဂနွေ)

ဇန်နဝါရီ ၂၂၊ ၂၀၂၃။ (တနင်္ဂနွေ)

ဇန်နဝါရီ 27, 2023

NUGကပြန်လည်ရောင်းချနေတဲ့EODပရောဂျက်တစ်ခုဖြစ်တဲ့နွေဦးရဲ့ရင့်ကွန်ဒိုတိုက်ခိုက်တွေတရက်အတွင်းမှာပဲရောင်းကုန်သွားတယ်။ဒီတခေါက်မှာဒေါ်လာ၁၀သန်းဖိုးလောက်ရောင်းချရလိုက်တယ်။နောက်ထပ်ပြီးမိုးကုတ်ရတနာမြေမှာကျောက်မျက်တူးဖော်ခွင့်ပေးမယ့်ပရောဂျက်တွေလဲကျန်သေးတယ်။အခုနောက်ပိုင်းNUGကပြုလုပ်တဲ့ရန်ပုံငွေရှာပရောဂျက်တွေကိုပြည်သူတွေအားပေးမှုပိုမိုအားကောင်းလာတာတွေ့ရတယ်။အရင်ကပရောဂျက်တစ်ခုရောင်းကုန်ဖို့တပတ်လောက်ကြာခဲ့ရာကနေအခုဆိုရင်တရက်အတွင်းရောင်းကုန်သွားတဲ့အခြေအနေတွေဖြစ်လာပြီ။ရန်ပုံငွေရှာဖွေမှုအပိုင်းမှာပြည်သူတွေရဲ့ပါဝင်မှုနှုန်းဟာအတော်အားရစရာကောင်းနေပြီ။ဒါအပြင်NUGအနေနဲ့နွေဦးဖွံ့ဖြိုးရေးဘဏ်တစ်ခုထူထောင်ဖို့ပြင်ဆင်နေကြောင်းထုတ်ပြောလာတယ်။ထိုဘဏ်အတွက်အာမခံငွေကြေးအနေနဲ့အမေရိကန်ကထိန်းချုပ်ထားတဲ့ဒေါ်လာ၁ဘီလီယံကိုအသုံးပြုခွင့်ပေးဖို့ကြိုးစားနေတယ်။၂၀၂၃နှစ်ဝက်မတိုင်ခင်ဖြစ်လာဖို့မျှော်မှန်းထားတယ်။  

ဇန်နဝါရီ ၂၁၊ ၂၀၂၃။ (စနေ)

ဇန်နဝါရီ ၂၁၊ ၂၀၂၃။ (စနေ)

ဇန်နဝါရီ 27, 2023

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)  ဗျူဟာမှူး...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist