တစ်တိုင်းပြည်လုံးဆန္ဒပြတဲ့ပွဲ။ အာဏာရှင်ထံကနေလွတ်မြောက်အောင်ကြိုးစားရတဲ့ပွဲ။
မြန်မာနိုင်ငံရဲ့ ဆန္ဒပြပွဲက ရိုးစင်းပေမယ့် ထူးခြားတဲ့အချက်တွေရှိပါတယ်။ စစ်အစိုးရဟာ ဆန္ဒပြပွဲကိုလူစု ခွဲဖို့အတွက် ရေကားတွေအသင့်ပြင်ထားတယ်။ တစ်ချို့ကတော့ရိုးရိုးရေကား။ တစ်ချို့ကတော့ ရိုးရိုး မဟုတ်ဘူး။ Blench တွေထည့်ထားတယ်။ ဘာလို့လဲဆိုတော့ ရေနဲ့အဖြန်းခံရသူတစ်ချို့ ရဲ့မျက်နှာက နီရဲပြီး စုတ်ပြတ်လို့အကွက်တွေထကုန်တယ်။
အာဏာရှင်တွေဟာ လူစုခွဲဖို့အတွက် တုတ်တွေကိုလည်းပြင်ထားတယ်။ ပလတ်စတစ်ပိုက်တွေထဲကို သံ ချောင်းတွေလျှိုထည့်ထားတာ။ တစ်ချက်ရိုက်ခံရတာနဲ့အတွင်းကြေပဲ။ နောက်တစ်ခုကတော့ ဆန္ဒပြတဲ့ လူအုပ်စုထဲကို သူ့ဖက်တော်သားလူတွေရောထည့်ပြီး ဆူပူမှုဖြစ်အောင်တမင်လုပ်မယ့်ဗျူဟာကိုလည်း ပြင်ထားကြတယ်လို့ ကျွန်တော်တို့က ဖေ့စ်ဘုတ်ကနေတစ်ဆင့်သိထားကြတယ်။ တစ်နေ့ကိုနှစ်သောင်း နဲ့ လူငှားနေတဲ့ ခိုးရိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုလည်းတက်လာတယ်။
ဆန္ဒပြပွဲကိုလာမယ့်လူတွေကို နည်းမျိုးစုံနဲ့တားတယ်။ တံတားတွေကို ပိတ်ထားတယ်။ လူငါးယောက် ကျော်ရင်သွားခွင့်မပေးတဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတော့ တစ်ချို့က ၄ ယောက်စီတစ်တန်းနဲ့ ၆ ပေအ ကွာစီခြားပြီးသွားကြတယ်။ တစ်ချို့ကျတော့ ကားတစ်စီးပေါ်ကိုအစုလိုက်အပြုံလိုက်တက်ပြီးမြို့ထဲကို အလုပ်သွားတဲ့ပုံစံလုပ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ မြို့ရဲ့အချက်အချာနေရာတွေမှာလူ တွေပြုံခဲသွားကြတာပါပဲ။
တစ်ချို့က UN ကိုယ်စားလှယ်ရုံးရှေ့ကိုသွားတယ်။ တစ်ချို့ကတော့ အမေရိကန်သံရုံးရှေ့ကိုအားကိုးတ ကြီးနဲ့သွားတယ်။ တစ်ချို့ကတော့ မြို့လယ်ဖြစ်တဲ့ဆူးလေမှာ။ ကျွန်တော်တို့ကတော့ ထုံးစံအတိုင်းလှည်း တန်းမှာပေါ့။ အားလုံးရဲ့ရင်ထဲမှာ မျှော်လင့်ချက်တွေကိုယ်စီနဲ့။ သူတို့လက်ထဲမှာ စစ်အာဏာရှင်အလိုမရှိ၊ မင်းအောင်လှိုင်ထွက်သွား၊ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်တွေကိုလွှတ်ပေး အစရှိတဲ့ဆိုင်းဘုတ်ပြား လေးတွေနဲ့ပေါ့။
သေချာစဉ်းစားကြည့်ရင် အခုချိန်မှာ ကျွန်တော်တို့ဟာ နိုင်ငံတကာကိုလည်းအားကိုးတာက ရာနှုန်းပြည့် အာမမခံနိုင်ဘူး။ အားလုံးအားကိုးရတဲ့ ဒေါ် အောင်ဆန်းစုကြည်ကလည်းအ ဖမ်းခံထားရတယ်။ အရာရာ တိုင်းဟာ ကိုယ့်အားကိုယ်ကိုးမှဖြစ်မယ်ဆိုတဲ့အတွေးနဲ့ ကျွန်တော်တို့ Generation Z တွေကြိုးစား ကြတာ ဖြစ်တယ်။
ဒီနေ့နေပြည်တော်ဆန္ဒပြပွဲမှာလူတစ်ယောက်သေတယ်။ လူစုခွဲတာမျိုးမဟုတ်ဘဲရဲက တမင်တကာချိန် ပြီးပစ်လိုက်တာလို့ ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ဗီဒီယိုဖိုင်တွေအရသိရတယ်။ တစ်ချို့နေရာတွေမှာ မျက်ရည်ယိုဗုံးတွေစသုံးပြီလို့ကြားတယ်။
ထူးခြားချက်အနေနဲ့ကတော့ ဆန္ဒပြသူတွေဆီကို ရဲတစ်ချို့ပူးပေါင်းပါဝင်လာတယ်။ ဆန္ဒပြရင်း လမ်းပေါ် မှာ ခေါက်ဆွဲပြုတ်စားကြသလို မိန်းမလျာတွေက ရဲတွေကို “ပြည်သူ့ရဲ့ ငါ့ယောင်္ကျား” ဆိုပြီး အော်ဟစ် အားပေးတာမျိုးတွေရှိတယ်။ သူတို့က ကိုယ်တွေဖက်ကိုပါပြီး စစ်အာဏာရှင်ကိုအတူတကွပါဝင်နိုင်မ လားဆိုတဲ့မျှော်လင့်ချက်နဲ့ ဆွဲဆောင်တဲ့သဘောပါပဲ။
ကျွန်တော်သွားတဲ့လှည်းတန်းမှာတော့ ညနေ ၄ နာရီ လူစုမခွဲရင် ရေနဲ့ဖြန်းမယ်လို့ပြောလို့ အားလုံးလူစု ခွဲပြန်လာကြတယ်။ ညကျတော့ ၈ နာရီသံပုံးတီးသံတွေ အရင်နေ့တွေထက်ပိုညံခဲ့တယ်။
ရင်ထဲမှာနာကြည်းချက်တွေနဲ့။
>>>>>