Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ (တနင်္ဂနွေ)

February 24, 2021
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

စစ်အာဏာသိမ်းပြီး ၇ ရက်မြောက်နေ့။ အာဏာသိမ်းတာတွေ အာဏာထိမ်းတာတွေနဲ့ရှုပ်နေပေမယ့် ပြည်သူတွေအတွက်ကတော့ အာဏာသိမ်းတာပါပဲ။ စစ်အစိုးရကအစတုန်းကတော့ အာဏာထိမ်းတာလို့ ပြောတယ်။ ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို တရားစွဲဆိုလိုက်ပြီး အာဏာသိမ်းတဲ့အကွက်တွေရွှေ့လိုက်တော့ အာဏာထိမ်းတာလို့ဘယ်ပြောလို့ရပါ တော့မလဲ။

ဒီနေ့ ဆူးလေမှာ ဆန္ဒပြကြမယ်တဲ့။ အင်တာနက်လိုင်းတွေကိုလည်းစစ်အစိုးရကဖြတ်ထားတယ်။ ညတုန်း ကလည်း ဒေါ်စုကိုလွှတ်လိုက်ပြီဆိုပြီးသတင်းတွေလွှင့်သေးတယ်။ ဒီနေ့ ဆန္ဒပြမယ့်လူအင်အားနည်း အောင်လုပ်တာဖြစ်မှာပေါ့။ အချင်းချင်းအွန်လိုင်းပေါ်ကနေပြောမရတော့ ဖုန်းနဲ့ပြော။ SMS နဲ့ ပို့ကြနဲ့အ လုပ်တွေရှုပ်ကုန်တယ်။

ည ၁၂ နာရီ ၁ နာရီလောက်အထိ သူငယ်ချင်းတစ်ချို့ဖုန်းခေါ်ထားတာတွေ့ရတယ်။ ကျွန်တော်ကည ၈ နာရီ သံပုံးခေါက်ပြီးကတည်းကအိပ်ပစ်လိုက်ပြီ။ စိတ်တွေပင်ပင်ပန်းလှပြီလေ။ စစ်အစိုးရအုပ်ချုပ်မှုစနစ် ကြီးဆိုတဲ့အသံကြောင့် တစ်ရက်မှကောင်းကောင်းအိပ်မပျော်သလို အလုပ်လုပ်ရတာလည်းမဖြောင့်ဘူး။

ဆူးလေနဲ့ လှည်းတန်းမှာ ဆန္ဒစပြကြတယ်။ လူတော်တော်များတယ်။ အနည်းဆုံးတော့ လေးငါးထောင်ပဲ။ အခြေ အနေကစပြီး အသက်ဝင်လာပြီ။ ကျွန်တော်တို့ရဲ့ အသွေးထဲအသားထဲက မျိုးချစ်စိတ်တွေ ထကြွရှင်သန် လာကြပြီ။

အများစုကအသက် ၃၅ နှစ်အောက်တွေ။ ဒါပေမဲ့ အခြားအရွယ်တွေလည်းစုံတယ်။ ဝတ်လာတဲ့အဝတ်အ စားတွေကလည်း အရောင်အသွေးစုံတယ်အများစုကတော့ အနက်ရောင်ဝတ်ကြတယ်။ အားလုံးရဲ့ရည် ရွယ်ချက်ကတစ်ခုတည်း။ စစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ရေး။ ဒီမိုကရေစီရရှိရေး။ ဒေါ် စု၊ သမ္မတနဲ့ ဖမ်းဆီးခံပြည်သူ့ကိုယ်စားလှယ်တွေလွတ်မြောက်ရေးပါ။

လောလောဆယ်အင်တာနက်ကိုလုံးဝပိတ်ထားပေမယ့် ဒီနေ့ နေ့လည် ၂ နာရီမှာတော့ အင်တာနက် ပြန်ပွင့်လာတယ်။ လူတွေ အွန်လိုင်းပေါ်ရောက်ကုန်ကြတယ်။ တစ်မြို့နဲ့တစ်မြို့သတင်းအချက်အလက် ဖလှယ်ကြတယ်။ ကျွန်တော်တို့အလုပ်ကတော့ အခြေအနေငြိမ်သက်မှအလုပ်လာဖို့အီးမေးလ်ပို့တယ်။ ဒီရက်ပိုင်းအင်တာ နက်တွေက အရမ်းနှေးသွားတယ်။ ဖေ့စ်ဘုတ်ကောင်းကောင်းပွတ်လို့မရဘူး။ VPN က လိုင်းနှေးတယ်လေ။ သူတို့က ဖေ့စ်ဘုတ်အသုံးပြုခွင့်ကိုပိတ်ထားတုန်းပဲ။

အခြေအနေက အကောင်းဖက်ကိုမလာဘဲ အဆိုးဖက်ကိုပိုသွားနေပြီမှန်း ကျွန်တော်သိလိုက်တယ်။

ဒီနေ့ထက်ဆိုးမှာက မနက်ဖြန်။ မနက်ဖြန်က တစ်နိုင်ငံလုံးသပိတ်။ မနက်ဖြန်ကိုရင်ခုန်နေတယ်။

>>>>> 

Related Posts

အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)

October 21, 2025

မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...

အောက်တိုဘာ ၂၀၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၀၊ ၂၀၂၅။ (တနင်္ဂနွေ)

October 20, 2025

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်အုပ်စုက...

အောက်တိုဘာ ၁၉၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၁၉၊ ၂၀၂၅။ (စနေ)

October 19, 2025

ထိုင်း-မြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းများမှာ ယခုရက်ပိုင်းအတွင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English