စစ်အာဏာရှင်ရဲ့ အကွက်တွေအဖြစ်မြင်နေကြားနေရတဲ့အရာတစ်ခု နှစ်ခုကို ဒီနေ့တော့ မျက်ဝါး ထင်ထင်မြင်ခဲ့ရတယ်။ မနက် ၁၀ နာရီလောက်မှာ ကျွန်တော့်အိမ်ရှေ့က ကားတန်းကြီးဖြတ်သွားတာတွေ့ လိုက်ရတယ်။ ကား ၆ စီးလောက်ရှိမယ်။ ကားပေါ်မှာ လော်စပီကာတွေတပ်ထားပြီး လော်စပီကာမှာ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာပါစေ” ဆိုပြီးအဆက်မပြတ်အော်နေတယ်။ ဒါ မင်းအောင်လှိုင် ရဲ့ ဝါဒဖြန့်အကွက်တစ်ခုပဲဆိုတာအားလုံးသိကြတယ် လေ။
ကားလမ်းပေါ်က လူတွေကတော့ “အမေစု ကျန်းမာပါစေ” ဆိုပြီး ပြန်အော်ကြသလို ကားလမ်းဘေး အိမ်တစ်ချို့ကတော့ သံပုံးတီးကြတယ်။ နောက်တစ်ခုကတော့ တစ်ရက်ကို ၅၀၀၀ သို့မဟုတ် ၂၀၀၀၀ နဲ့ငှားထားတဲ့ ကြေးစားလူမိုက်တွေ ကားပေါ်ကဆင်းလာပြီး ဆန္ဒပြနေတဲ့ လူအုပ်ထဲ ကိုတိုးဝင်တဲ့ မြင်ကွင်း။ ကျွန်တော်နဲ့သူငယ်ချင်းတွေက အချင်းချင်းသတိပေးလိုက် ကြတယ်။ ဘေးနားက လူတွေကို လည်း အော်ပြောလိုက်တယ်။ သူတို့တွေက လူအုပ်ကြီးထဲမှာ တုတ်တွေ ကိုင်ပြီးဖြန့်ကျက်သွား ကြလေ ရဲ့။ အဲဒီလိုမြင်ကွင်းမျိုးပဲ တစ်နေ့က ဖေ့စ်ဘုတ်ပေါ်မှာတက်လာသေးတယ်။ ဆန္ဒပြတဲ့ Generation Z တွေအားလုံးက သတိရှိရှိနဲ့သူတို့ကိုစောင့် ကြည့်နေခဲ့ကြတယ်။
ဒီနေ့ ဆန္ဒပြတာ အရင်နေ့တွေလောက်ရဲတွေမများဘူးလို့သတိထားမိတယ်။ လူတွေကတော့ ပိုများလာ တယ်။ ပြည်နယ်နဲ့တိုင်းဒေသအသီးသီးက အစိုးရဝန်ထမ်းတွေလည်းပါလာတာ တွေ့ရတော့ ဝမ်းသာစရာ ကောင်းတယ်။ ရဲတွေဟာ CDM လုပ်တဲ့အစိုးရဝန်ထမ်းတစ်ချို့ကို အိမ်အထိတောင်လိုက်ခေါ်ပြီးအလုပ် ဆင်းဖို့တွန်းအားပေးတယ်လို့လည်းကြားရတယ်။ ဒါကြောင့် ဒီနေ့ ရဲကားတွေနည်းနေတာတဲ့။ နေပြည် တော်မှာရှိနေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကိုတော့ အလုပ်ကိုလာဖို့အတင်းအကြပ်လက်မှတ် ထိုးခိုင်းနေတယ်။
ကျွန်တော်တို့ပင်ပန်းလို့မဖြစ်ဘူး။ ဒီမိုကရေစီအတွက်၊ စစ်အာဏာလက်အောက်ကနေလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရဦးမယ်။ ဝန်ထမ်းတွေကို CDM မှာပါဝင်ဖို့ကြိုးစားရတယ်ဦးမယ်။ ဒါပေမဲ့ အကောက် ခွန်ဝန်ထမ်းတွေ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွေကတော့ မလွတ်ကူလှ ဘူး။ အဲဒီဌာနတွေက လာဘ်စားမှုအကြီးဆုံးနေရာတွေပေါ့။ အဲဒီလိုဌာနမျိုးမှာ သာမာန်ရုံးစာရေးအဆင့် တောင်မှ မိသားစု ၅ ယောက်လောက်အေးအေးဆေးဆေးစားလို့လောက်တဲ့အထိ ဝင်ငွေရှိတယ်။ သူတို့ က မှန်မှန်ကန်ကန်မှာပါဝင်ခွင့်ရဖို့ စိတ်မဝင်စားဘူး။ မင်းအောင်လှိုင်ကလည်း တင်းကြပ်မှုတွေထပ်လုပ် လိမ့်မယ်။ အခုလာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က မြန်မာနိုင်ငံရဲ့ပြည်ထောင်စုနေ့ဖြစ်တယ်။ အဲဒီနေ့မှာ တပ်မတော်ကအခမ်းအနားကျင်းပလိမ့်မယ်။ ဒါကြောင့် အဲဒီနေ့မတိုင်ခင် ဆန္ဒပြပြည်သူတွေကို အပြတ် ရှင်းဖို့စီစဉ်နေတယ်လို့လည်းသတင်းထွက်နေတယ်။ စစ်အာဏာရှင်တွေဟာ ဘက်ပေါင်းစုံကနေယုတ်မာ ကောက်ကျစ်ကြလိမ့်မယ်ဆိုတာကို ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့လက်နက်မဲ့ပြည်သူတွေ ဟာ တတ်နိုင်သမျှတော့ တိုက်ပွဲဝင်ရမှာပဲ။
ကျွန်တော့်နိုင်ငံကိုကျွန်တော်ချစ်တယ်။ ဒါပေမဲ့ စစ်အာဏာရှင်လူတစ်စုကိုမုန်းတယ်။ ကျွန်တော့်လိုပဲ တစ်နိုင်ငံလုံးကလည်းမုန်းတယ်။ သူတို့ဟာ ဘယ်တုန်းကမှ ကောင်းကျိုးမပေးခဲ့ဘူး။ ပြည်သူကိုနည်း လမ်းပေါင်းစုံနဲ့နှိပ်စက်နေခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။
ကျွန်တော်တို့ဘယ်တော့လွတ်မြောက်နိုင်မလဲ။ လက်နက်အောက်ကြားမှာ ဆယ်စုနှစ် သုံးခုစာနေခဲ့ပြီး တဲ့ကျွန်တော့်အဖို့ ကျွန်တော်နိုင်ငံနဲ့ ကျွန်တော့်အတွက် အကူအညီတစ်ခုများရလိုရငြား ဒီအီးမေးလ်ကို ပို့လိုက်ရတာဖြစ်ပါတယ်။ အခြေအနေတစ်ခုမရောက်သရွေ့ တစ်ပတ်တစ်ခါ သို့မဟုတ် ၁၀ ရက်တစ်ခါ လောက် ကျွန်တော်အီးမေးလ်တွေဆက်ပို့ပေးနေပါ ဦးမယ်။
လူကြီးမင်းတို့ထဲက တစ်ယောက်ယောက်က ဖတ်မိပြီး မြန်မာနိုင်ငံကို ကယ်တင်နိုင်ခဲ့ရင်ဆိုတဲ့မျှော်လင့် ချက်နဲ့ပါ။
>>>>>