Military Coup Myanmar
  • Home
  • Junta Diary
  • News
  • Photo News
  • Videos
  • Heros in Revolution
  • mm Myanmar
  • en English
No Result
View All Result
  • Home
  • Junta Diary
  • News
  • Photo News
  • Videos
  • Heros in Revolution
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

June 18, 2025
in News
Reading Time:1 min read
Share on FacebookShare on Twitter

ယခုနှစ်ကုန်နှင့် လာမည့်နှစ်ဆန်းတွင် ကျင်းပမည်ဆိုသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကတိသည် မှားယွင်းသော စိတ်ကူးယဉ်မှုဖြစ်သည်။ စစ်တပ်နှင့် စစ်ကောင်စီသည် နိုင်ငံ၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၄၀ ရာခိုင်နှုန်းခန့်သာ ထိန်းချုပ်ထားနိုင်ဖွယ်ရှိသည်ဟု တော်လှန်ရေးအင်အားစုနှင့် အနောက်တိုင်း သုတေသီအချို့က ပြောသည်။ ထိုကိန်းဂဏန်းများ မည်သို့ရှိသည်ဖြစ်စေ နိုင်ငံ၏ ကြီးမားသော အစိတ်အပိုင်းများသည် နေပြည်တော်မှ အာဏာပိုင်များ လက်လှမ်းမမီသည့် နေရာတွင် ရှိနေသည်။

ပြည်သူများ အမှန်တကယ် မဲပေးနိုင်သည့်နေရာများတွင်လည်း ဒေသဆိုင်ရာ ရွေးကောက်ပွဲတာဝန်ရှိသူများသည် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သော အင်အားစုများ၏ လုပ်ကြံသတ်ဖြတ်မှုကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် မည်သူက မည်သည့်နေရာတွင် မည်သို့မဲပေးမည်နည်း။

အနောက်နိုင်ငံအများစုမှ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများသည် ထိုရွေးကောက်ပွဲရလဒ်ကို လိမ်လည်သည့် ရလဒ်အဖြစ် ပယ်ချမည်မှာ သေချာပြီး စစ်တပ်နှင့် စစ်အင်စတီကျူးရှင်းများကို ဆက်လက် ရှောင်ကြဉ်မည်ဖြစ်သည်။ အရေးယူပိတ်ဆို့မှုများနှင့် သပိတ်မှောက်မှုများ ဆက်လက် ရှိနေမည်ဖြစ်သည်။

စစ်ကောင်စီ ကြေညာထားသည့် အချိန်တွင် အထွေထွေရွေးကောက်ပွဲ မကျင်းပရေးအတွက် ထိုသို့ထင်ရှားသည့် အကြောင်းရင်းများ ရှိနေသော်လည်း မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် ဖြစ်လာနိုင်ခြေများကို ဂရုတစိုက် စဉ်းစားသင့်သည်။ “တနိုင်ငံလုံး ကျယ်ပြန့်သည့် ရွေးကောက်ပွဲ” ကျင်းပမည့် စစ်ကောင်စီ၏ ကတိကို လှောင်ပြောင်နေမည့်အစား ခါးသီးသော ပကတိအခြေအနေအချို့ကို သတိထားရန် အရေးကြီးသည်။

စစ်ကောင်စီ ကြေညာထားသည့် အချိန်တွင် အထွေထွေရွေးကောက်ပွဲ မကျင်းပရေးအတွက် ထိုသို့ထင်ရှားသည့် အကြောင်းရင်းများ ရှိနေသော်လည်း မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် ဖြစ်လာနိုင်ခြေများကို ဂရုတစိုက် စဉ်းစားသင့်သည်။ “တနိုင်ငံလုံး ကျယ်ပြန့်သည့် ရွေးကောက်ပွဲ” ကျင်းပမည့် စစ်ကောင်စီ၏ ကတိကို လှောင်ပြောင်နေမည့်အစား ခါးသီးသော ပကတိအခြေအနေအချို့ကို သတိထားရန် အရေးကြီးသည်။

တရုတ်နိုင်ငံသည် ထိုလုပ်ငန်းစဉ်နှင့် ရလဒ်ကို အပြည့်အဝ လက်ခံမည်ဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်တို့က ဘာမှမရှိသည်ထက်စာလျှင် အပြစ်အနာအဆာ မကင်းသည့် ရွေးကောက်ပွဲသည် ပိုမိုကောင်းမွန်ပြီး မှန်ကန်သည့် ခြေလှမ်းတခုဖြစ်သည်ဟု စောဒကတက်မည်မှာ သေချာသလောက်ရှိသည်။

မြန်မာစစ်အုပ်စုများနှင့် “ထိတွေ့ဆက်ဆံရန်” ကြိုးစားသည့် ရှည်လျားသော သမိုင်းရှိ သြစတြေးလျသည်လည်း နေပြည်တော်တွင် မည်သူအာဏာရနေသည်ဖြစ်စေ ထိုသို့ ထိတွေ့ဆက်ဆံခြင်းသည် အထီးကျန်ထားခြင်းထက် ပိုမိုကောင်းသည်ဟု မြင်မည်ဖြစ်သည်။

ဆွစ်ဇာလန်နှင့် စကင်ဒီနေးဗီးယားနိုင်ငံများသည်လည်း မြန်မာတွင် ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ အကုန်အကျများသည့်တိုင် အချည်းနှီးသာဖြစ်သည့် အားထုတ်မှုများ ဆက်လက်ပြုလုပ်ပြီး စစ်တပ်နှင့် ထိတွေ့ဆက်ဆံဖွယ်ရှိသည်။

ဗိုလ်ချုပ်များသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ၎င်းတို့အကျိုးအတွက် အသုံးချမည်ဖြစ်ပြီး တိုင်းရင်းသားနှင့် အခြား စစ်တပ်ဆန့်ကျင်ရေးအင်အားစုများကို ဂရုစိုက်မည် မဟုတ်ဘဲ ၎င်းတို့ အသိအမှတ်ပြုခံရရရေး မရအရ ကြိုးစားမည် ဖြစ်သည်။

ထိုအမျိုးမျိုးသော ဖြစ်နိုင်သည့် အခြေအနေများသည် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းသည့်အစိုးရကို တရားဝင်မှု မြင့်မားစွာ ပေးမည်ဖြစ်သည်။ ထိုကိစ္စသည် စစ်အုပ်ချုပ်ရေးပုံစံတမျိုးဟု ယုံမှားစရာမလိုသည်ကို တိတ်တဆိတ် လက်ခံခြင်းဖြစ်သွားနိုင်သည်။

မြန်မာ၏ အနီးကပ်ဆုံးမဟာမိတ်ဖြစ်သည့် ရုရှားသည် မည်သို့ အပြစ်အနာအဆာ မကင်းသည်ဖြစ်စေ ရွေးကောက်ပွဲရလဒ်ကို ချီးကျူးမည်ဖြစ်သည်။ သို့သော် ဒေသတွင်း ပထဝီနိုင်ငံရေးတွင် အရေးကြီးသည်မှာ မြန်မာ၏ အိမ်နီးချင်းများသာ ဖြစ်သည်။ မည်သည့်ရွေးကောက်ပွဲမှ မကျင်းပရသေးမီ ကာလရှည်ကြာစဉ်ကပင် ၎င်းတို့သည် နေပြည်တော်မှ အာဏာပိုင်းများနှင့် လက်တွဲလုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း ပြသနေကြသည်။

မြန်မာ၏ အနီးကပ်ဆုံးမဟာမိတ်ဖြစ်သည့် ရုရှားသည် မည်သို့ အပြစ်အနာအဆာ မကင်းသည်ဖြစ်စေ ရွေးကောက်ပွဲရလဒ်ကို ချီးကျူးမည်ဖြစ်သည်။ သို့သော် ဒေသတွင်း ပထဝီနိုင်ငံရေးတွင် အရေးကြီးသည်မှာ မြန်မာ၏ အိမ်နီးချင်းများသာ ဖြစ်သည်။ မည်သည့်ရွေးကောက်ပွဲမှ မကျင်းပရသေးမီ ကာလရှည်ကြာစဉ်ကပင် ၎င်းတို့သည် နေပြည်တော်မှ အာဏာပိုင်းများနှင့် လက်တွဲလုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း ပြသနေကြသည်။

ဧပြီလ ၂၃ ရက်နေ့က ဧရာဝတီသတင်းဌာန ဝက်ဘ်ဆိုက်တွင် စာရေးသူ ထောက်ပြခဲ့သည့်အတိုင်း မတ်လ ၂၈ ရက်နေ့ ငလျင်သည် မြန်မာသို့ အလုံးအရင်းရောက်လာသည့် ပြည်ပကယ်ဆယ်ရေးအဖွဲ့များ၊ အဓိကအားဖြင့် ဒေသတွင်းနိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန် စစ်ကောင်စီကို ရှားပါးသော အခွင့်အလမ်း ရသွားစေသည်။

ထို့နောက် ဧပြီလ ၃ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီးဆွေးနွေးပွဲတက်ရန် ဘန်ကောက်သို့ သွားသည်။ သူသည် ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံသည်။ မင်းအောင်လှိုင်ကို တန်းတူရည်တူ ဆက်ဆံကြပြီး မြန်မာဝန်ကြီးချုပ်အဖြစ် သူ့အနေအထားကို မည်သူမှ မေးခွန်းမထုတ်ပေ။

မော်စကိုတွင် ကျင်းပသည့် ရုရှား၏ မေလ ၈ ရက်နေ့ အောင်ပွဲနေ့အခမ်းအနားမှ သီးခြားအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို တွေ့ဆုံသည့် မေလ ၉ ရက်တွင် တရုတ်က ၎င်း၏ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြသည်။ စစ်ကောင်စီ၏ တရားဝင်သတင်းစာဖြစ်သော Global New Light of Myanmar သတင်းတပုဒ်အရ ငလျင်နောက်ပိုင်း လူသားချင်းစာနာမှုအကူအညီများအတွက် မင်းအောင်လှိုင်က တရုတ်ကို ကျေးဇူးတင်သည်ဟု သိရသည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ငလျင်ဒဏ်ခံဒေသများကို စစ်ကောင်စီက အရှိန်မြှင့်တင် ဗုံးကြဲနေသည့်ကိစ္စသည် အရေးပါပုံ မရပေ။

ရွေးကောက်ပွဲတွင် ပါတီမည်မျှပါမည်ကို ရှင်းလင်းစွာမသိရဘဲ ၎င်းတို့သည် မည်သူတို့ဖြစ်နိုင်သည်ကို အတိအကျခန့်မှန်းလျှင် မှားမည်ဖြစ်သည်။ ထိုပါတီစာရင်းတွင် စစ်တပ်ပိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အခြား ဗမာပါတီတခုနှင့် တိုင်းရင်းသားပါတီတချို့ ပါဝင်လျှင် ထိုကိစ္စသည် အရေးမကြီးတော့ပေ။ ထိုကိစ္စသည် ဒေသတွင်းနိုင်ငံများက ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲရလဒ်ကို ထောက်ခံရန် လုံလောက်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားသူများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘေးရောက်သွားမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားသူများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘေးရောက်သွားမည်ဖြစ်သည်။

ထို့ပြင် မြန်မာ့ဒီမိုကရေစီ အင်အားစုများသည် ကုလသမဂ္ဂနှင့် ၎င်း၏ အေဂျင်စီများထံမှ မည်သည့်ထောက်ခံမှုကိုမှ မျှော်လင့်၍မရကြောင်း သဘောပေါက်လာမည် ဖြစ်သည်။ လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်ဇ်က “ကုလသမဂ္ဂသည် နိုင်ငံတကာအသိုက်အဝန်း ညီညွတ်စေရန်နှင့် မြန်မာမှ စစ်အာဏာသိမ်းမှု နောက်ပြန်လှည့်စေမည့် အခြေအနေများ ဖန်တီးရန် တတ်နိုင်သည့် မည်သည့်အရာကိုမဆို လုပ်မည်” ဟု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး လေးရက်အကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခု၌ ပြောသည်။

သို့သော် ထိုအချိန်မှစတင်ပြီး မစ္စတာ ဂူတာရက်ဇ် လုပ်နိုင်သည့် လုပ်ရပ်များမှာ အရပ်သားများကို အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းသည့် ကြေညာချက်များသာ ဖြစ်သည်။ ကုလသမဂ္ဂ အေဂျင်စီများသည် နေပြည်တော်မှ စစ်အာဏာပိုင်များနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နေပြီး ၎င်းတို့ပေးသည့် မည်သည့် လူသားချင်းစာနာမှုအကူအညီမဆိုကို စစ်ကောင်စီထိန်းချုပ် အဖွဲ့အစည်းများမှတဆင့် ပေးရသည်။

ကုလသမဂ္ဂစနစ်သည် “အလုပ်မဖြစ်၊ ဖောင်းပွပြီး အကျင့်ပျက်ကြောင်း”၊ ကုလသမဂ္ဂ၏ အားထုတ်မှုများသည် “မြေပြင်မှ မြန်မာပြည်သူများအတွက် ထိရောက်သည့် မည်သည့် တိုးတက်မှုမှ ပြုလုပ်ပေးဖွယ် မရှိကြောင်း” လွတ်လပ်သောသုတေသီ ဒေးဗစ် မက်သီဆန်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က Asia Times တွင် ထောက်ပြရေးသားသည်။

ရိုဟင်ဂျာများကို လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှု ကျူးလွန်ခြင်းအတွက် မင်း အောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုသည့် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) ကိုပင် အပြစ်ကင်းစင်သည့် ရိုသားတည်ကြည်သော အင်စတီကျူးရှင်းအဖြစ် အားမကိုးနိုင်ပေ။ ICC ရှေ့နေချုပ် ကာရင်ခန်းသည် လိင်ပိုင်းဆိုင်ရာ ထိပါးမှု စွပ်စွဲချက်များ စုံစမ်းစစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းနေစဉ် အလုပ်မှ ခွင့်ပေးထားခံရသည်။

မစ္စတာ ကာရင်ခန်း၏ လက်ထောက်ဟောင်းတဦးဖြစ်သူ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး မလေးရှားရှေ့နေက သူသည် ပြည်ပခရီးများနှင့် သည်ဟိဂ်တွင် “အလိုမတူဘဲ အတင်းအကျပ် လိင်ဆက်ဆံခံရသည်” ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများကို ပြောကြောင်း Wall Street ဂျာနယ်က မေလတွင် ဖော်ပြခဲ့သည်။

မစ္စတာ ကာရင်ခန်း၏ လက်ထောက်ဟောင်းတဦးဖြစ်သူ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး မလေးရှားရှေ့နေက သူသည် ပြည်ပခရီးများနှင့် သည်ဟိဂ်တွင် “အလိုမတူဘဲ အတင်းအကျပ် လိင်ဆက်ဆံခံရသည်” ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများကို ပြောကြောင်း Wall Street ဂျာနယ်က မေလတွင် ဖော်ပြခဲ့သည်။

ထိုစွပ်စွဲချက်ကို ကာရင်ခန်းက ငြင်းပယ်သော်လည်း ထိုအမှုကို ကမ္ဘာက အာရုံစိုက်မိသည်။ ထိုသို့ အာရုံစိုက်မိခြင်းမှာ မြန်မာကြောင့် မဟုတ်ဘဲ သူသည် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟု၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်းတဦးနှင့် ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် နှစ်ဦးတို့ကို ဖမ်းဝရမ်းလျှောက်ထာသည့် ရှေ့နေဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် အမျိုးမျိုးသော တော်လှန်ရေးအင်အားစုများ ရရှိသည့် စစ်မြေပြင် အောင်မြင်မှုများကို အလေးမထားပါက မြန်မာနိုင်ငံမြေပြင်တွင် မျှတမည်မဟုတ်ပေ။ စစ်တပ်သည် သိက္ခာကျဆင်းစေသည့် ရှုံးနိမ့်မှု အများအပြား ခံစားရပြီး နိုင်ငံ၏ ကြီးမားသော အစိတ်အပိုင်းများကို ဆုံးရှုံးသည်။

မြန်မာသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီး နောက်ပိုင်းနှစ်များတွင် ထိုလောက် ကြီးမားပြင်းထန် ကျယ်ပြန့်သည့် တိုက်ပွဲများကို မကြုံဖူးပေ။ သို့သော် ပြန့်ကျဲနေသည့် စစ်မြေပြင်များတွင် ဗဟိုကွပ်ကဲမှုညှိနှိုင်းမှု ရှိသည်ဟု ယူဆရန် ခက်ခဲသည်။

ခုခံတော်လှန်မှုသည် ဒေသအလိုက်ဖြစ်နေပြီး ဖိအားပေးရန်၊ အသုံးချရန် လုပ်နိုင်သည့် တခုတည်းသော နိုင်ငံဖြစ်သည့် တရုတ်က ဖိအားပေးသည်ကို ခံရစေသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် မဟာမိတ်များ လားရှိုးအား စွန့်လွှတ်ရန် ဖိအားပေးသည်ကို ရှမ်းပြည်မြောက်ပိုင်းတွင် မိမိတို့ တွေ့ရပြီးဖြစ်သည်။

လားရှိုးမြို့နှင့် ထိုမြို့အခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို လွန်ခဲ့သောနှစ် ဇူလိုင်လက သိမ်းပိုက်ခြင်းသည် တော်လှန်ရေးအတွက် မကြုံဖူးသည့် အောင်မြင်မှုဖြစ်သည်။

MNDAA ၏ မဟာမိတ် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သည် သီပေါနှင့် ကျောက်မဲမှ ထွက်ခွာရန် ဖိအားပေးခံနေရသည်။ ထိုမြို့များသည် လားရှိုးကဲ့သို့ပင် တရုတ်မှ မန္တလေးသို့ ချိတ်ဆက်ထားသည့် အဝေးပြေးလမ်းမှ အဓိကမြို့များဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများသည် အကျိုးအမြတ်များသော နယ်စပ်ကုန်သွယ်ရေးကို ပြတ်တောက်စေပြီး တရုတ်ကို အိန္ဒိယသမုဒ္ဒရာ အသုံးပြုခွင့်ပေးမည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ခြင်းကိုလည်း ခြိမ်းခြောက်နေသည်။

သို့သော် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းပြည်နယ်မှ အမျိုးမျိုးသော အင်အားစုမျာအပေါ် တရုတ်သြဇာ လွန်စွာနည်းသည်။ ထိုလူမျိုးစု တပ်မတော်များသည် အောင်မြင်ကြသော်လည်း ဗမာတော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့အကြားရှိသည့် မဟာမိတ်ဖွဲ့စည်းမှုမှာ နည်းပရိယာယ်သဘောသာ ရှိသည်။

သို့သော် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းပြည်နယ်မှ အမျိုးမျိုးသော အင်အားစုမျာအပေါ် တရုတ်သြဇာ လွန်စွာနည်းသည်။ ထိုလူမျိုးစု တပ်မတော်များသည် အောင်မြင်ကြသော်လည်း ဗမာတော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့အကြားရှိသည့် မဟာမိတ်ဖွဲ့စည်းမှုမှာ နည်းပရိယာယ်သဘောသာ ရှိသည်။

ထိုအဖွဲ့များသည် စစ်ကောင်စီတပ်ကို ၎င်းတို့ ထိန်းချုပ်ဒေသသို့ မလာနိုင်စေရန် ကြားခံများဖြစ်သည်။ တိုင်းရင်းသားတပ်မတော်များသည် ဇာတိမြေ အသီးသီးကို ကာကွယ်မည်ဖြစ်ပြီး နေပြည်တော်၊ ရန်ကုန် သို့မဟုတ် မန္တလေးသို့ပင် ချီတက်ရန် စိတ်မဝင်စားကြပေ။

မြန်မာမှ လူမျိုးစု အများစုနှင့် ၎င်းတို့ကို ထောက်ခံသူများသည် အသက်ပေါင်း ထောင်ချီသေဆုံးစေပြီး လူမှုအသိုက်အဝန်းများကို အမြစ်လှန်သည့် နှစ်များစွာကြာသော စစ်ပွဲအလွန် ကွဲပြားသော အခြေအနေများကိုသာ တွေ့မြင်လိုကြသည်ဟု စာရေးသူယုံကြည်သည်။

သို့သော် လိုရာဆွဲတွေးခြင်းသည် အပြောင်းအလဲသို့ ဦးတည်မည် မဟုတ်ပေ။ မြေပြင်အခြေအနေကို အလေးအနက် သရုပ်ခွဲလေ့လာခြင်းသည် လက်ရှိပြဿနာမှ ထွက်ပေါက်သို့ ဦးတည်ပြီး ကာလကြာမြင့်စွာ ဒုက္ခရောက်နေသည့် နိုင်ငံတခုအတွက် ပိုမိုတောက်ပသော အနာဂတ် ရရှိနိုင်စေသည်။

 

Related Posts

Costs of copper: Residents near mines suffer under junta’s heavy hand
News

Costs of copper: Residents near mines suffer under junta’s heavy hand

January 9, 2026

JANUARY 9, 2026 Chinese-run copper...

Myanmar junta says raided scam compound, seized 30 Starlink receivers
News

Myanmar junta says raided scam compound, seized 30 Starlink receivers

November 19, 2025

Myanmar's junta raided one of...

Raids by Myanmar junta troops displace tens of thousands in northern Magway Region
News

Raids by Myanmar junta troops displace tens of thousands in northern Magway Region

November 19, 2025

Villagers fled their homes as...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • Home
  • Junta Diary
  • News
  • Photo News
  • Videos
  • Organization For CDM
  • mm Myanmar
  • en English