အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးICCက အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အဆိုတင်သွင်းလိုက်ပါပြီ။ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးICCရဲ့ တရားသူကြီးချုပ်ကိုယ်တိုင်အဆိုတင်တာပါ။လုပ်ထုံးလုပ်နည်းတွေအရ ဖမ်းဝရမ်းထွက်လာဖို့တော့ သုံးလလောက်ကြာမယ်လို့သိရတယ်။
ICCဟာဒီနှစ်ထဲမှာပဲ ကမ္ဘာပေါ်ကနာမည်ကြီးခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ရုရှားသမ္မတပူတင်နဲ့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတို့ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။မင်းအောင်လှိုင်သာဝရမ်းထုတ်ခံရမယ်ဆိုရင် အရှေ့တောင်အာရှနဲ့အာရှမှာပထမဆုံးICCရဲ့ဖမ်းဝရမ်းထုတ်ခံရတဲ့စစ်ခေါင်းဆောင်ဖြစ်လာမှာပါ။နိုင်ငံခေါင်းဆောင်ဖြစ်ချင်တဲ့ မင်းအောင်လှိုင်အတွက်လူမိုက်ခေါင်းဆောင်တော့ တရားဝင်ဖြစ်လာတော့မှာပေါ့။