စစ်ကော်မရှင်နဲ့ တော်လှန်ရေးအင်အားစုတွေအားပြိုင်နေတဲ့ နွေဦးတော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ ဒီနှစ်ကုန်နောက်နှစ်ဆန်းအချိန်လောက်မှာ ပြတ်ပြတ်သားသားထွက်ပေါ်လာနိုင်ပါတယ်။စစ်ကော်မရှင်ဟာရွေးကောက်ပွဲမတိုင်ခင် ဆုံးရှုံးထားတဲ့နယ်မြေတွေကို ရသလောက် ပြန်တိုက်ယူမှာပါ။လက်ရှိစစ်ရေးအခြေအနေတွေအရ ရွေးကောက်ပွဲမတိုင်မှီမှာပဲ ရှမ်းမြောက်က ကျောက်မဲ၊သီပေါမြို့၊မန္တလေးတိုင်းထဲမှာ စဉ့်ကူးနဲ့မိုးကုတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထပ်မံလက်လွတ်ရနိုင်ပါတယ်။ဒါ့အပြင် ကချင်ပြည်နယ်ဗန်းမော်မြို့နဲ့ကရင်ပြည်နယ်ကိုလဲ ပြန်လည်ထိန်းချုပ်သွားမှာပါ။ဒီအတိုင်းဆိုရင် ဒီနှစ်ကုန်လောက်မှာ စစ်ကော်မရှင်ဘက်ကသိသိသာသာ စစ်ရေးအရအသာစီးရလာနိုင်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ရွေးကောက်ပွဲအပြီးမှာ ကျန်ရှိတဲ့EAOဒေသတွေနဲ့ ရခိုင်၊ကရင်နီ၊စစ်ကိုင်းတို့ကို ဆက်လက်ထိုးစစ်ဆင်မှာပါ။ဒါ့ကြောင့် လက်ရှိအခြေအနေတိုင်းသာ ဆက်သွားမယ်ဆိုရင် ၂၀၂၆ခုနှစ်အကုန်လောက်မှာပဲ စစ်ကော်မရှင်ကတနိုင်ငံလုံးနီးပါးကို ပြန်လည်ထိန်းချုပ်သွားနိုင်ပါလိမ့်မယ်။ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးစစ်ရေးမှာ အပြောင်းအလဲကြီးကြီးမားမား လုပ်နိုင်ဖို့မျှော်လင့်မိတယ်။


