စစ်ကောင်စီဟာမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေသိမ်းပိုက်ထားတဲ့ရှမ်းမြောက်ကသိန္ဒီမြို့၊မြို့မစျေးကို မနေ့ညနေကဗုံးကြဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူအများအပြားသေဆုံးခဲ့ပါတယ်။ဗုံးကြဲခဲ့တဲ့အချိန်ဟာစျေးထဲမှာလူစည်ကားနေတဲ့အချိန်ဖြစ်လို့အပစ်မဲ့ ပြည်သူဆယ်ယောက်ကျော်သေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်။ပြီးခဲ့တဲ့ရက်ကလဲကိုးကန့်အဖွဲ့တွေသိမ်းပိုက်ထားတဲ့လောက်ကိုင်မြို့လယ်ကိုတိုက်ပွဲမရှိပဲ ဗုံးကြဲခဲ့ပါသေးတယ်။ထိုလုပ်ရပ်တွေဟာအရပ်သားပြည်သူတွေအပေါ် ပြောင်ပြောင်တင်းတင်းကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေပဲ။စစ်ကောင်စီဟာအခုလိုလုပ်နေတဲ့အကျိုးဆက်ကိုကျိန်းသေပေါက်ခံစားရမှာပါ။ရခိုင်မှာလဲအလားတူဖြစ်ရပ်မျိုးအကြိမ်ကြိမ်ကျူးလွန်ထားသေးတယ်။မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့စစ်ကောင်စီရဲ့ကျူးလွန်မှုတွေအပေါ်မှာ ငြိမ်ခံနေကြမှာမဟုတ်ပါဘူး။အတိုးနဲ့ပြန်တောင်းယူကြလိမ့်မယ်။သူတို့ရဲ့ထိုးစစ်တွေပိုမိုပြင်းထန်လာလိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


