Page Not Found

Sorry the page you were looking for cannot be found. Try searching for the best match or browse the links below:

Latest Articles

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထောင်ချီ ဖမ်းဆီးခံထားရ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထောင်ချီ ဖမ်းဆီးခံထားရ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တကမ္ဘာလုံးတွင် သောကြာနေ့က ကျင်းပစဉ် မြန်မာ အမျိုးသမီး ၄၀၀၀ နီးပါးသည် ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် နိုင်ငံတဝှန်းမှ စစ်ကောင်စီ၏ထောင်များ၊ ရဲအချုပ်များနှင့် စစ်တပ် စစ်ကြောရေးစခန်းများတွင် ဖမ်းဆီးခံထားရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးလျင်ပြီးချင်း...

ထီးလင်းမှစစ်ကောင်စီတပ်များ အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးပြီး စားနပ်ရိက္ခာလုယက်

ထီးလင်းမှစစ်ကောင်စီတပ်များ အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးပြီး စားနပ်ရိက္ခာလုယက်

မကွေးတိုင်း၊ ထီးလင်းမြို့မှစစ်ကောင်စီတပ်များ အနီးဝန်းကျင်ရှိကျေးရွာများအား စစ်ကြောင်း ထိုးပြီး စားနပ်ရိက္ခာများလုယက်နေသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ထီးလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ရိက္ခာဖြတ်တောက်ခြင်းဆောင်ရွက်ခဲ့သည်မှာ ၁၅ လ ခန့်ရှိနေ ပြီဖြစ်ပြီး စစ်ကောင်စီတပ်များက မြို့နယ်နှင့်ငါးမိုင်ပတ်လည်ရှိကျေးရွာရှစ်ရွာသို့ လစဥ် စစ်ကြောင်းထိုး ကာ...

မတ် ၀၇၊ ၂၀၂၄။ (ကြာသပတေး)

မတ် ၀၇၊ ၂၀၂၄။ (ကြာသပတေး)

ရှမ်းမြောက်မှာညီနောင်သုံးဖွဲ့နဲ့စစ်ကောင်စီတို့အပစ်ရပ်လိုက်တာလုံးဝသေချာသလောက်ဖြစ်နေပေမယ့်လဲစစ်ကောင်စီကိုဆင်နွဲနေတဲ့‌တော်လှန်စစ်ကတော့နိုင်ငံအနှံမှာရှိနေဆဲပါပဲ။အထူးသဖြင့်ဒီလထဲစစ်ကိုင်းတိုင်းထဲမှာပြည်ကာကွယ်ရေးတပ်ပေါင်းစုတွေကစစ်ကောင်စီကိုနေရာအနှံမှာဆက်တိုက်ဆိုသလိုတိုက်ခိုက်နေတယ်။ကောလင်းနယ်ဘက်ကိုအရင်ပြောရမယ်ဆိုရင်ကောလင်းမြို့ကိုစစ်ကောင်စီကပြန်လည်ထိန််းချုပ်လိုက်နိုင်ပေမယ့်လဲမြို့ပတ်ဝန်းကျင်မှာPDFတွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတယ်။စစ်ကောင်စီတပ်တွေကမြို့ပတ်ဝန်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးနေသလိုPDFတွေကလဲမြို့ထဲပြန်ဝင်နိုင်ဖို့ကြိုးစားနေတယ်။ ဒါ့အပြင်ကလေးမြို့ဘက်မှာလဲတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကမြို့ကိုတောင်နဲ့မြောက်နှစ်ဖက်ပိတ်ပြီးညှပ်တိုက်နေတယ်။ကလေးမြို့ပြင်မှာအရင်ကစစ်သူပုန်တွေထိန်းချုပ်ထားတဲ့နေရာကိုစိုးမိုးနိုင်ဖို့ကြိုးစားနေတယ်။အတိုင်းအတာတစ်ခုအထိအောင်မြင်နေပြီးအခုဆိုရင်ကလေးမြို့ပတ်ဝန်းကျင်ကိုတော်လှန်ရေးအဖွဲ့တွေကထိန်းချုပ််နိုင်နေပြီးစစ်သူပုန်တွေကမြို့ပေါ်တွင်သာတပ်စွဲနိုင်တော့တယ်။စစ်ကိုင်းတိုင်းထဲကတော်လှန်စစ်ပွဲတွေကတော့NUGရဲ့ဦးဆောင်မှုအောက်မှာဆင်နွဲနေတာပါ။

ရှမ်းမြောက်အပစ်ရပ်ချိန် အညာကိုဖိနေတဲ့စစ်ကောင်စီ

ရှမ်းမြောက်အပစ်ရပ်ချိန် အညာကိုဖိနေတဲ့စစ်ကောင်စီ

ဆိုင်ကယ်နှင့် ထော်လာဂျီများပေါ်တွင် အထုပ်အပိုးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်များတင်ဆောင်ပြီး အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေကြသည်။ တချို့ဆိုင်ကယ်ပေါ်တွင် အဘွားအိုများပါရှိပြီး အဆိုပါအဘွားအိုက အသာအယာထိုင်၍ လိုက်ပါခြင်းမဟုတ်။ အထုပ်ကြီးတစ်ထုပ် ကိုင်ဆောင်ထားရသည်။ ထော်လာဂျီများပေါ်တွင်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊အရေးကြီး အထုပ်အပိုးများဖြင့် ပြည့်နှက်စွာတင်ဆောင်ပြီး မောင်းနှင်နေကြပါသည်။...

မတ် ၀၆၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

မတ် ၀၆၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

မနေ့ညကျမြန်မာပြည်မှာလူသုံးအများဆုံးလူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့‌ဖေ့ဘုတ်ဟာတစ်နာရီ‌ခန့်ပြတ်တောက်သွားတယ်။ထိုပြတ်တောက်မှုဟာတမ္ဘာလုံးမှာဖြစ်ပေါ်ခဲ့တာဖြစ်ပေမယ့်မြန်မာပြည်တော့စစ်ကောင်စီကလိုင်းဖြတ်လိုက်တာလားဆိုပြီးသို့လောသို့လောတွေဖြစ်ကုန်တယ်။တစ်နာရီခန့်ပဲဆိုပေမယ့်သောကတွေများကုန်တယ်။အဲ့ဒီအချိန်မှာတွေးမိတာတစ်ခုကဖေ့ဘုတ်ကြီးခြောက်လလောက်လိုင်းကျသွားကောင်းမှာပဲလို့ပေါ့။တကယ်တမ်းသာခြောက်လလောက်သုံးမရတော့ဘူးဆိုရင်တော်လှန်‌ရေးကြီးလဲအောင်သွားလောက်တယ်။တကယ်တော့လူအများစုဟာအွန်လိုင်းပေါ်မှာပဲတော်လှန်‌နေကြတာလေ။လိုင်ပေါ်မှာအချင်းအချင်းပွဲတွေဖြစ်ကြတယ်။ အပုတ်ချကြတယ်။ခြေထိုးကြတယ်။ဒါ့အပြင်လိုင်း‌ပေါ်ကအရေးမပါတဲ့အကြောင်းအရာပေါင်းများစွာအပေါ်မှာသာယာနေပြီးမြန်မာပြည်ကြီးလောင်မီးကျနေတာကိုမသိသလိုနေနေကြတဲ့လူတန်းစားတွေလဲအများကြီးရှိနေတယ်။တကယ်တော်လှန်‌နေတဲ့သူတွေကလိုင်းပေါ်မှာရှိမနေပါဘူး။ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ပီးလုပ်နေကြတယ်။လိုင်းပေါ်မှာရှိနေတဲ့ဟို‌ယောင်ယောင်ဒီယောင်ယောင်လူတွေကြောင့်တော်လှန်ရေးအောင်မြင်ဖို့နှောင့်နှေးနေရတာပဲ။

မတ် ၀5၊ ၂၀၂၄။ (အင်္ဂါ)

မတ် ၀5၊ ၂၀၂၄။ (အင်္ဂါ)

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့ကစစ်ကောင်စီရဲ့ခမရ၅၅၀တပ်ရင်းကိုအေအေတပ်တော်ကအပြီးသတ်သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုတပ်ရင်းကိုသိမ်းပိုက်နိုင်ဖို့အေအေအနေနဲ့၁၀ရက်ခန့်အချိန်ယူပြီးတိုက်ခိုက်ခဲ့ရတယ်။ထိုတပ်ရင်းမကျဖို့အတွက်စစ်ကောင်စီကစစ်တွေမြို့မှမြေပြင်စစ်ကူ‌စေလွတ်ခဲ့ပေမယ့်လဲအေအေကကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်သံချပ်ကာကားနှစ်စီးပါပျက်စီးပြီးအကျအဆုံးများစွာရှိခဲ့တယ်။အခုတော့စစ်တွေမြို့နဲ့မိုင်၂၀ခန့်သာ‌ကွာ‌ဝေးတဲ့ပုဏ္ဏားကျွန်းမြို့ကိုအေအေကသိမ်းပိုက်လိုက်ပါပြီ။စစ်‌ကောင်စီဘက်ကလဲခံစစ်ပြင်တဲ့အနေနဲ့ပုဏ္ဏားကျွန်းကနေစစ်တွေကိုသွားတဲ့လမ်းပေါ်ကတံတားတစ်စီးနဲ့မောင်တောကိုသွားတဲ့တံတားတစ်စီးကိုဖောက်ခွဲဖျက်စီးလိုက်ပါပြီ။ပုဏ္ဏားကျွန်းမြို့ကျသွားတဲ့အတွက်မောင်တောမြို့မှာလဲစစ်တပ်ကမြို့နယ်‌ဆေးရုံကိုလူနာနဲ့ဆရာဝန်တွေကိုဖယ်ခိုင်းပြီးဝင်ရောက်တပ်စွဲလိုက်တယ်။မောင်တောမြို့မှပြည်သူတွေအားကိုးစရာထို‌ဆေးရုံတစ်ခုသာရှိတဲ့အတွက်အခုပြည်သူတွေကျန်းမာရေးကိစ္စမှာဒုက္ခရောက်နေကြတယ်။ အလားတူမင်းပြားမြို့မှာလဲနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတန်းမြင့်လေ့ကျင့်‌ရေးကျောင်းကိုအေအေကပြီးခဲ့တဲ့ရက်တွေအတွင်းသိမ်းပိုက်နိုင်လိုက်တယ်။ထိုကျောင်းကိုသိမ်းပိုက်နိုင်ဖို့လဲအချိန်တပတ်ကျော်ကြာယူခဲ့ရတယ်။ဒါ့‌ကြောင့်မတ်လအစမှာပဲအေအေအနေနဲ့မြို့၂မြို့ကိုသိမ်းပိုက်နိုင်လိုက်ပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ဖို့ အသင့်ဖြစ်နေပြီလို့ စစ်ကောင်စီပြော

စစ်မှုထမ်းဆင့်ခေါ်ဖို့ အသင့်ဖြစ်နေပြီလို့ စစ်ကောင်စီပြော

စစ်မှုမထမ်းမနေရဥပဒေနဲ့ ဆင့်ခေါ်ခံရမဲ့သူတွေကို ထားဖို့ သင်တန်းကျောင်းတွေ အဆင်သင့်ဖြစ်နေပြီလို့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ပြောဆိုလိုက်ပါတယ်။ ဒီနှစ်ဖေဖော်ဝါရီလအစောပိုင်းမှာ ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေအရ ဧပြီလကစပြီး လူငါးထောင် တစ်သုတ်စီ ခေါ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။...

မတ် ၀၄၊ ၂၀၂၄။ (တနင်္လာ)

မတ် ၀၄၊ ၂၀၂၄။ (တနင်္လာ)

ညီနောင်မဟာမိတ်၃ဖွဲ့နဲ့စစ်ကောင်စီတို့နောက်ဆက်တွဲသဘောတူညီထားတဲ့အချက်တွေသာတကယ်ဖြစ်လာရင်မြောက်ပိုင်း၃ဖွဲ့ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာ၁၀၂၇စစ်ဆင်ရေးကိုဆက်မလုပ်တော့ဘူးလို့ယူဆလို့ရတယ်။သဘောတူညီချက်တွေထဲမှာနယ်စပ်ကုန်သွယ်‌ရေးပြန်စဖို့လဲပါနေတယ်လေ။နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ရင်တိုက်ပွဲတွေပြန်ဖြစ်ဖို့ကဝေးသွားပြီလေ။မြန်မာပြည်နဲ့နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ဖို့ကလဲတရုတ်ပြည်နဲ့ထိစပ်နေတဲ့ယူနန်ပြည်အတွက်အရေးပါနေတယ်။ဒါ့ကြောင့်လဲတရုတ်ကတွန်းတွန်းတိုက်တိုက်လုပ်နေတာပဲ။ ဒါပေမယ့်တစ်ခုစောင့်ကြည့်ရမှာကစစ်ကောင်စီဟာထိုသဘောတူညီချက်တွေကိုကျေနပ်တဲ့ပုံမပေါ်ဘူး။MNDAAကိုနယ်မြေတွေအပိုင်ပေးလိုက်ရတာခြင်း၊ကုန်သွယ်ရေးမှာရာခိုင်နှုန်းအမြောက်အမြားခွဲပေးလိုက်ရတာခြင်းစတဲ့အချက်တွေဟာစစ်ကောင်စီကိုအထိနာစေတယ်။သူတို့ဟာစစ်ပွဲမှာခွက်ခွက်လန်အောင်ရှုံးခဲ့‌ပေမယ့်ဆွေးနွေးပွဲမှာတော့အပေါ်စီးကနေချင်သေးတယ်။အခုချိန်ထိသူတို့အရှုံးကိုလက်မခံနိုင်သေးဘူး။အဲ့ဒီတော့သဘောတူညီချက်တွေကိုကပျက်ယပျက်လုပ်နိုင်တယ်။ဒါပေမယ့်ဒါတွေဟာမှန်းဆချက်သက်သက်သာဖြစ်ပြီးလောလောဆယ်တော့ရှမ်းမြောက်မှာနောက်စစ်ဆင်ရေးလှိုင်းတလုံးလာဖို့ဝေးသွားပါပြီ။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စီးပွားရေး သောင်းကျန်းသူဟု စစ်ဗိုလ်ချုပ် အသိုင်း အဝိုင်းက သူ့ကွယ်ရာတွင် ခေါ်ဝေါ်လေ့ ရှိသည်။ ထိုသို့ ပြောရလောက်အောင်လည်း တကယ်ပင် စီးပွားရေးသောင်းကျန်းသူ တဦး ဖြစ်သည်မှာ အမှန်ပင်။ ကာကွယ်ရေး...

မတ် ၀၃၊ ၂၀၂၄။ (တနင်္ဂနွေ)

မတ် ၀၃၊ ၂၀၂၄။ (တနင်္ဂနွေ)

စစ်ကောင်စီနဲ့‌မြောက်ပိုင်းညီနောင်၃ဖွဲ့တို့ဟာတရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့သဘောတူဆွေးနွေးပွဲကိုထပ်မံပြုလုပ်ခဲ့ကြတယ်။မနေ့ကပြုလုပ်တဲ့ဆွေးနွေးပွဲမှာတော့နှစ်ဖက်တပ်တွေသ‌ဘောတူညီထားတဲ့နယ်မြေများမှ‌ရှေ့ဆက်မတိုးဘဲတပ်ချင်းခွာထားဖို့သဘောတူညီခဲ့ကြတယ်။ဒါ့အပြင်MNDAAအားရှမ်းပြည်နယ်ကိုးကန့်အထူးဒေသ၏တရားဝင်အစိုးရအဖြစ်လည်းကောင်း၊ညီနောင်၃ဖွဲ့သိမ်းယူထားတဲ့နယ်မြေတွေကိုသူတို့အပိုင်အဖြစ်စစ်ကောင်စီကအသိအမှတ်ပြုပေးဖို့လဲပါတယ်။နယ်စပ်ကုန်သွယ်ရေးတွေပြန်လည်စတင်ဖို့လဲဆွေးနွေးခဲ့ကြပြီးတရုတ်နိုင်ငံနှင့်ကူးသန်းသွားလာမယ့်ကုန်စည်တွေအပေါ်အခွန်ကောက်ခံရရှိငွေရဲ့၇၀ရာခိုင်နှုန်းကိုညီနောင်မဟာမိတ်အဖွဲ့တွေကရယူမှာဖြစ်ပြီးစစ်ကောင်စီကကျန်တဲ့၃၀ရာခိုင်နှုန်းကိုရယူမယ်လို့သဘောတူညီထားတယ်လို့သိရတယ်။ဒီအချက်တွေကိုအကြေအလည်ဆွေးနွေးကြပြီးရင်တော့တရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေးပြန်ဖြစ်လာမယ်လို့မျှော်လင့်ကြတယ်။အခုအချိန်ထိတော့တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးဟာ၁၀၂၇စစ်ဆင်ရေးစကတည်းကရပ်တန့်လျက်ရှိနေတယ်။ အထက်ပါသဘောတူညီချက်တွေဟာရှမ်းပြည်မြောက်ပိုင်းအတွက်သာသက်ဆိုင်ပြီးတိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်အတွက်မသက်ဆိုင်ဘူးလို့အေအေတပ်တော်ကထုတ်ပြောထားတယ်။သဘောကတော့ရခိုင်ပြည်နယ်မှာအေအေနဲ့စစ်ကောင်စီတို့မီးကုန်ယမ်းကုန်ဆက်လက်တိုက်ပွဲဝင်ကြဦးမှာပေါ့။

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist